Science & Technology
ရန်ကုန်-ပဲခူး-မန္တလေးလမ်းဟောင်းအဆင့်မြှင့်

ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ကို အဓိကဆက်သွယ်သည့် ရန်ကုန်-ပဲခူး-မန္တလေးလမ်းဟောင်း ပြည်ထောင်စု လမ်းမကြီးအား လေးလမ်းသွားနိုင်လွန်ကတ္တရာခင်း အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို လာမည့် ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြီးစီးရန် အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါကားလမ်းမကြီးကို ရန်ကုန်-နေပြည်တော်- မန္တလေး အမြန်ကားလမ်းမကြီးကဲ့သို့ ၄၈ ပေချဲ့၍ အဆင့်မြှင့်တင်ဆောင်ရွက် ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းက ပြည်တွင်းဆောက်လုပ်ရေးကုမ္ပဏီ ခုနစ်ခု ကို BOT စနစ်ဖြင့် ဆောင်ရွက်ခွင့် ပြုထားခြင်းဖြစ်သည်။ (Xinhua)