Connect with us

Science & Technology

မဲပေးစို့ Mobile Application ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မိတ်ဆက်

မဲပေးစို့ Mobile Application အသိပေးခြင်းအခမ်းအနားအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်)

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် Asia Foundation တို့ ပူးပေါင်း ဆောင်ရွက်သည့် မဲပေးစို့ Mobile Application အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မိတ်ဆက်ခဲ့ကြောင်းသိရသည်။

၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက်များ၊ နိုင်ငံရေးပါတီများ၏ အချက်အလက်များ၊ မဲရုံတည်နေရာများ၊ မဲဆန္ဒရှင်များ၏ ရွေးကောက်ပွဲဆိုင် ရာ မေးခွန်းများနှင့် ရွေးကောက်ပွဲဆိုင်ရာသတင်း အချက်အလက်များ ပါဝင်သည့် မဲပေးစို့ M Voter 2017 Mobile Application နှင့် Website အား www.maepaysoh. org webpage တွင် Download ရယူနိုင်ကြောင်းနှင့် အဆိုပါ Application အား အသုံးပြုခြင်းဖြင့် မဲဆန္ဒရှင်များသည် မည်သို့မဲပေးရမည်ကို လည်းကောင်း၊ ကိုယ်စားလှယ်လောင်းများ၏အကြောင်း၊ နိုင်ငံရေးပါတီများ၏ မူဝါဒနှင့် ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်များကိုလည်းကောင်း သိရှိနိုင်သည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.