Connect with us

Science & Technology

၁၉၉၆၊ ၉၇၊ ၉၈ ခုနှစ်ထုတ် မော်ဒယ်အိုဟောင်းဘတ်စ်ကားများ အစီး ၁၈ဝ ကျော် အပ်နှံရန် အဆိုပြုထား

ပြေးဆွဲနေသည့် ဘတ်စ်ကား တချို့ အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

YBS ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများ တွင် ၁၉၉၆၊ ၉၇၊ ၉၈ ခုနှစ်ထုတ် မော်ဒယ် အိုဟောင်း ခရီးသည်တင်ဘတ်စ်ကားများအား အပ်နှံနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ရာ လက်ရှိတွင်အစီး ၁၈ဝ ကျော် အပ်နှံရန် အဆိုပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

ရန်ကုန်မြို့ YBS ယာဉ်လိုင်းများတွင် ပြေးဆွဲလျက်ရှိသည့် ၁၉၉၆၊ ၉၇၊ ၉၈ ခုနှစ် ထုတ် မော်ဒယ်အိုဟောင်း ခရီးသည်တင် ဘတ်စ်ကား အစီး ၄ဝဝ ကျော်ခန့်ရှိရာ စက်တင်ဘာလ ပထမပတ်အတွင်း အစီးရေ ၁၈၃ စီးကျော် အပ်နှံရန် အဆိုပြုလာမှု ရှိကြောင်း သိရသည်။

သက်တမ်း နှစ် ၂ဝ နှင့်အထက် အိုဟောင်း ဘတ်စ်ကားများအား အစားထိုးလဲလှယ်သည့် အစီအစဉ်အရ ၁၉၉၅ ခုနှစ် မော်ဒယ်နှင့် အောက် ခရီးသည်တင်ဘတ်စ်ကားများအား အပ်နှံ၍ လူစီးယာဉ်စလစ်ထုတ်ပေးခြင်းကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလမှ စတင်လက်ခံ ဆောင်ရွက်ပေးခဲ့ကြောင်း ၊ ဆက်လက်၍ ၁၉၉၆၊ ၉၇၊ ၉၈ ခုနှစ်ထုတ် မော်ဒယ်အိုဟောင်း ခရီးသည်တင်ဘတ်စ်ကား အစီး ၄ဝဝ ကျော်ခန့်ကို အပ်နှံမှုလက်ခံပေး သွားမည်ဟု သိရသည်။

YBS ယာဉ်လိုင်းများတွင် ပြေးဆွဲနေ သော ဘတ်စ်ကားစီးရေမှာ အစီး ၄ဝဝဝ ဝန်းကျင်ခန့်ရှိပြီး အပ်နှံပြီး ဘတ်စ်ကားဟောင်း များနေရာတွင် လက်ရှိအစိုးရက ဝယ်ယူထား သော ခရီးသည်တင်ယာဉ် အစီး ၁ဝဝဝ၊ ပုဂ္ဂလိကကုမ္ပဏီတို့က ဝယ်ယူထားသော ခရီးသည်တင်ယာဉ် အစီး ၁ဝဝဝ ကျော် အပါ အဝင် ယာဉ်သစ် အစီး ၂၆ဝဝ ခန့် ဝင်ရောက် ပြေးဆွဲလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.