Connect with us

Science & Technology

ရန်ကုန်မြို့၏ မြို့ပတ်ရထား လမ်းအဆင့်မြှင့်တင်ဆောင်ရွက်မှု ကိုလာမည့်အောက်တိုဘာ ၁ရက်မှစတင် ဆောင်ရွက်သွားမည်

ရထားလမ်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၏ မြို့ပတ်ရထား လမ်းအဆင့်မြှင့်တင်ဆောင်ရွက်မှု ကိုလာမည့်အောက်တိုဘာ ၁ရက်မှစတင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ရာတွင် ရန်ကုန်မြို့ပတ်ရထားလမ်းတစ် လျှောက်တွင် ခြံစည်းရိုးခတ်ကာရံမှု လုပ်ငန်းများကိုလည်းထည့်သွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား မှ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက် အရ သိရသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ရထားများ၏ ခုတ်မောင်းသွားလာမှုအချိန်များ လျော့ကျလာမည်ဖြစ်ပြီး လက်ရှိတွင်ရန်ကုန်မြို့ပတ်လမ်းပိုင်း ခုတ်မောင်းချိန်မှာ နှစ်နာရီနှင့် မိနစ်၅ဝကြာမြင့်သော်လည်း အဆင့်မြှင့် တင်ဆောင်ရွက်ပြီးပါက တစ်နာရီနှင့်မိနစ် ၅ဝသာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

အဆင့်မြှင့်တင် ဆောင်ရွက်ပြီးပါက မြို့ပတ်ရထားလမ်းပိုင်းတွင် ရထားများကို လက်ရှိ ကီလိုမီတာ ၂၅ကီလိုမီတာမှ ကီလိုမီတာ ၆ဝ သို့ အရှိန်တိုးမြှင့် ခုတ်မောင်းသွားမည် ဖြစ်ပြီး ရထားများ ပိုမိုအရှိန်မြန် လာမည်ဖြစ်ကာ ခုတ်မောင်းချိန် တစ်နာရီခန့်လျော့ကျ သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ရထားစီးခရီးသည် များနှင့် အများပြည်သူ အန္တရာယ် ရှင်းစေရေးနှင့် ရထားများ ခုတ်မောင်းရာတွင် အန္တရာယ်နှင့် အနှောင့်အယှက်ကင်း ဝေးစေရန်ရန်ကုန်မြို့ပတ် ရထားလမ်းတစ်လျှောက်တွင် ခြံစည်းရိုးများ ကာရံသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှု လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက် ရာတွင် ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၂ဝ၆.၅၃သန်း၊ နိုင်ငံတော် ဘတ်ဂျက်မှ အမေရိကန်ဒေါ်လာ ၉၄.၇၆သန်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117