Connect with us

Science & Technology

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စွမ်းအင်ကဏ္ဍမှ နိုင်ငံအတွက် အမြတ်ငွေကျပ်သန်းပေါင်း ၁,၂၄၀,ဝဝဝ ခန့် ရရှိအောင် ကြိုးစားဆောင်ရွက်လျက်ရှိ

မြန်မာ့ကမ်းလွန်ပင်လယ်ပြင်၌ ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့တူးဖော်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ)

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စွမ်းအင်ကဏ္ဍမှ နိုင်ငံအတွက် အမြတ်ငွေကျပ်သန်းပေါင်း ၁,၂၄၀,ဝဝဝ ခန့် ရရှိအောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က မေ ၂၀ ရက်တွင် ဆင်ဟွာသို့ ပြောကြားသည်။

ဦးဌေးအောင်က “ပြင်ဆင်မှုတွေ အများကြီးနဲ့ ဆောင်ရွက်နေတယ်။ ကျွန်တော်တို့ ရရှိတဲ့ သဘာဝဓာတ်ငွေ့ ကနေ လျှပ်စစ်ကဏ္ဍကို အများကြီးပေးခဲ့တယ်။ ရရှိတဲ့ သဘာဝဓာတ်ငွေ့ရဲ့ ၇၀ ရာခိုင်နှုန်းကိုလျှပ်စစ်ကဏ္ဍ ကိုပေးခဲ့တယ်။ COVID-19 ရောဂါဖြစ်ပွားချိန်မှာလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ရဲ့ ညွှန်ကြားချက် အတိုင်း လုပ်ငန်းတွေဆက်လက်ဆောင်ရွက်နေပါတယ်’’  ဟုပြောသည်။ 

စွမ်းအင်ကဏ္ဍတွင် ဝန်ကြီးဌာနအနေဖြင့် အဓိကဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းကြီးသုံးခုရှိကြောင်း၊ ၎င်းတို့မှာ  ရေနံနဲ့သဘာဝဓာတ်ငွေ့နဲ့ပတ်သက်သည့်လုပ်ငန်း၊ ရေနံနှင့်ရေနံထွက်ပစ္စည်း ရောင်းဝယ်သည့် လုပ်ငန်းနှင့် ရေနံဓာတုဗေဒလုပ်ငန်းတို့ ဖြစ်ကြောင်း သိရသည်။

၂၀၁၆ – ၂၀၁၇ ခုဘဏ္ဍာနှစ်တွင်  စွမ်းအင်ကဏ္ဍ ၏  အမြတ်ငွေကျပ်သန်းပေါင်း ၅၄၀,၀၀၀ ဝန်းကျင်ရရှိခဲ့ကြောင်း၊ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်တွင်  အမြတ်ငွေကျပ်သန်းပေါင်း ၈၀၀,၀၀၀ ကျော်ရရှိခဲ့ကြောင်း နှင့် ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်တွင်  အမြတ် ငွေကျပ်သန်းပေါင်း ၁,၁၇၀,၀၀၀ ဝန်းကျင် အသီးသီး ရရှိခဲ့ကြောင်း သိရသည်။(Xinhua)