Connect with us

Science & Technology

မြန်မာနိုင်ငံရေနက် ပိုင်းဒေသလုပ်ကွက် အမှတ် AD-7 ၌ တွေ့ရှိခဲ့သည့် သဘာဝ ဓာတ်ငွေ့ ဖြစ်တည်မှုအား စီးပွားဖြစ် ထုတ်လုပ်နိုင်မှု အခြေအနေကို ဆက်လက် ဖော်ထုတ် အတည်ပြုသွားမည်

ရှာဖွေရေးတွင်းအမှတ် သလင်း(၁) ၏ တည်နေရာပြမြေပုံ အားတွေ့ရစဉ် (ဓာတ်ပုံ- စွမ်းအင် ဝန်ကြီးဌာန)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ် အတွင်းရှိ မြန်မာနိုင်ငံ ရေနက်ပိုင်း ဒေသလုပ်ကွက် အမှတ် AD-7 ရှိ တွင်းအမှတ် သလင်း(၁) ၌ သဘာဝ ဓာတ်ငွေ့ဖြစ်တည် ခိုအောင်း နေကြောင်း တိုင်းတာ ရရှိပြီးနောက် ရှာဖွေ တူးဖော် တိုင်းတာရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပြီး ရရှိလာသော အချက်အလက်များ အပေါ်မူတည်၍ စီးပွားဖြစ် ထုတ်လုပ်နိုင်မှု အခြေအနေကို ဖော်ထုတ် အတည်ပြုသွားမည် ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။

တွင်းအမှတ်သလင်း (၁) သည် မြန်မာနိုင်ငံ ကမ်းခြေမှ ၇၀ မိုင်ခန့်အကွာ ကမ်းလွန် ပင်လယ်ပြင်၏ ရေအနက် ၈၃၅ မီတာနေရာ၌ တည်ရှိပြီး၊ တွင်းတူးဖော်ရာတွင် ပင်လယ်ကြမ်းပြင်အောက် အနက် ၂,၈၀၅ မီတာခန့် ဘူမိ သက်တမ်း (Pliocene) သက်တမ်းရှိ သဲကျောက်လွှာများ အထိ တူးဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလား ပင်လယ်အတွင်းရှိ မြန်မာနိုင်ငံ ရေနက်ပိုင်းဒေသ လုပ်ကွက်အမှတ် AD-7 ၌ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများအား စွမ်းအင် ဝန်ကြီးဌာန၊ မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် Daewoo International Corporation တို့သည် ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ တွင် ထုတ်လုပ်မှု အပေါ် ခွဲဝေ ခံစားရေး စာချုပ် (PSC) စာချုပ် ချုပ်ဆို၍ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် Woodside Energy (Myanmar) Co., Ltd မှ အစုရှယ်ယာ ၄၀ ရာခိုင်နှုန်း ပါဝင် ရင်းနှီး မြှုပ်နှံ လာခဲ့ပြီး Daewoo International Corporation မှ ၆၀ ရာခိုင်နှုန်းဖြင့် လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းက MPRL E & P ရေနံ ကုမ္ပဏီသည် မြန်မာနိုင်ငံ ကမ်းလွန် လုပ်ကွက် A – 6 ရေနက်ပိုင်းတွင် ရွှေရည်ထွန်း တွင်းအမှတ်-၁ ၌ သဘာဝ ဓာတ်ငွေ့ ကော်လံ ၄၂၃ ပေ ( ၁၂၉ မီတာ) ခန့်ရှိသည့် သဘာဝဓာတ်ငွေ့ ခိုအောင်းနေသည့် သဲကြောကြီးကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း သတင်း ထုတ်ပြန် ခဲ့သည်။

ယခုကဲ့သို့ ကမ်းလွန် လုပ်ကွက်အမှတ် AD-7 ရှိ တွင်းအမှတ် သလင်း (၁) နှင့် ကမ်းလွန် လုပ်ကွက် အမှတ် A-6 ရှိ ရွှေရည်ထွန်း တွင်းအမှတ်(၁) တို့တွင် သဘာဝ ဓာတ်ငွေ့ခိုအောင်းနေကြောင်း အတည် ပြုနိုင်ခဲ့ခြင်းကြောင့် ဘင်္ဂလား ပင်လယ် အတွင်းရှိ မြန်မာ့ ကမ်းလွန် ပေနက် လုပ်ကွက်များတွင် သဘာဝ ဓာတ်ငွေ့ စီးပွားဖြစ် ရှာဖွေ တွေ့ရှိနိုင်သည့် အလားအလာကောင်းများ ရှိနေပြီဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.