Connect with us

Science & Technology

ရန်ကုန် ဆန်းသစ်ဖန်တီးမှုဗဟိုဌာနကို ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်း မြို့နယ်၌ ဖွင့်လှစ်

ရန်ကုန် ဆန်းသစ်ဖန်တီးမှုဗဟိုဌာနကို ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်(ဓာတ်ပုံ - Myanmar State Counsellor Office)

ရန်ကုန် ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ်၊ ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်းထောင့် ကျန်းမာရေးဆိပ်ကမ်းဝင်းရှိ ရန်ကုန် ဆန်းသစ်ဖန်တီးမှုဗဟိုဌာန(Yangon Innovation Centre) ဖွင့်ပွဲ အခမ်းအနားအား ယနေ့တွင် ကျင်းပခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမှာစကားပြောကြားရာတွင် တိုးတက် ပြောင်းလဲ ဆန်းသစ်နေသည့် ကမ္ဘာကြီး နှင့် လိုက်လျော ညီထွေ ရပ်တည် နိုင်စွမ်းရှိရန် ပထမဆုံး အချက် အနေနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပညာရေး စနစ်ကို အဆင့်မြှင့်တင်ရန် လိုကြောင်း ၊ ယင်းကို မိမိတို့ အစိုးရ နိုင်ငံ့ တာဝန် စတင် လွှဲပြောင်း ယူစဉ် အချိန်ကတည်းက အလေးပေး ဆောင်ရွက်ခဲ့ကြောင်း ၊ ဒုတိယအချက် အနေနှင့် နိုင်ငံ၏ အသက်မွေး ဝမ်းကျောင်း လေ့ကျင့်ရေးစနစ်ကို ခေတ်မီအောင် ပြုပြင်ပြောင်းလဲရန် လိုကြောင်း ၊ ယင်းလုပ်ငန်းစဉ်ကိုလည်း ကြိုးပမ်း ဆောင်ရွက် နေကြောင်း ၊ တတိယ အချက်မှာ နည်းပညာနှင့် တီထွင် ဆန်းသစ်မှုကို အားပေး မြှင့်တင်ရန် ဖြစ်ကြောင်း ထည့်သွင်း ပြောကြား ခဲ့သည်။

“ဒီကနေ့ ဖွင့်လှစ်လိုက်တဲ့ ရန်ကုန် ဆန်းသစ် တီထွင်မှု ဗဟိုဌာနဟာ ကျွန်မတို့ရဲ့ လူငယ်တွေအတွက် နည်းပညာနဲ့ တီထွင်ဆန်းသစ်မှုကို အားပေးမြှင့်တင်နိုင်ဖို့ စတင်လိုက်တဲ့ ကနဦး ခြေလှမ်းတစ်ရပ်ပဲဖြစ်ပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ရန်ကုန် ဆန်းသစ်ဖန်တီးမှုဗဟို ဌာနတွင် စွန့်ဦးမှု ၊ ဆန်းသစ်မှု ဂေဟစနစ်များ နှင့် ထိတွေ့မှု နည်းသော ၊ အတွေ့အကြုံ နည်းသော နိုင်ငံတစ်ဝန်းက လူငယ်များ ၊ အစွမ်းအစ ၊ အလားအလာ ရှိသော လူငယ်များကို အကျိုးပြု ပေးနိုင်ရန် ရည်ရွယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗဟိုဌာနတွင် ပညာရှင်များ ၊ ဒီဇိုင်းနာများ ၊ ကွန်ပျူတာ ပရိုဂရမ်မာများ ၊ စာရင်းကိုင် ပညာရှင်များ ၊ စီးပွားရေး ကျွမ်းကျင်သူများ နှင့် ရင်းနှီးမြှုပ်နှံသူများ ၊ အတတ် ပညာရှင်များ ၊ သုတေသနပညာရှင်များ ၊ အရင်းအနှီးရှင်များ ပူးပေါင်း ဆောင်ရွက်နိုင်ရန် အပြန်အလှန် ကူညီပေးမှုများ ၊ ဆက်ဆံမှုများကို ဖြစ်ပေါ်လာရန် မျှော်လင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ပြောကြားခဲ့သည်။

ရန်ကုန် ဆန်းသစ်ဖန်တီးမှုဗဟိုဌာန ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အမှာ စကား ပြောကြားစဉ်(ဓာတ်ပုံ – Myanmar State Counsellor Office)

ရန်ကုန် ဆန်းသစ်ဖန်တီးမှုဗဟိုဌာန ဖွင့်ပွဲ အခမ်းအနား ကျင်းပစဉ်(ဓာတ်ပုံ – Myanmar State Counsellor Office)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ရန်ကုန် ဆန်းသစ် တီထွင်မှုဗဟိုဌာနသည် နိုင်ငံအတွက် ဆန်းသစ်တီထွင် ဖန်တီးမှု အသစ်များ တစ်ရိပ်ရိပ် တက်လာအောင် လုပ်ဆောင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ၊ မူဝါဒ အပိုင်း နှင့် လိုအပ်သည့် လုပ်ငန်းစဉ်များကို စီစဉ် ဆောင်ရွက် ပေးမည် ဖြစ်ပြီး လူငယ်များ စွန့်ဦးတီထွင်၊ ဆန်းသစ်ဖန်တီးနိုင်ရန် ပူးပေါင်း ပါဝင် ကူညီပေးကြရန် ပြည်တွင်းပြည်ပတက္ကသိုလ်များ ၊ လေ့လာ ဆန်းသစ်မှု ဗဟိုဌာနများ ၊ အခြား မိတ်ဖက်အဖွဲ့အစည်းများ ၊ စေတနာရှင်များ ၊ စီးပွားရေး လုပ်ငန်းရှင်များကို အလေးအနက် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။

Yangon Innovation Centre ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ် ဆောင်ရွက်မှုဖြင့် ဆွစ်ဇာလန် အခြေစိုက် Seedstars ကုမ္ပဏီတို့မှ တာဝန်ယူ အကောင် အထည်ဖော် တည်ဆောက်ခဲ့ကြောင်း သိရသည်။

အဆိုပါစင်တာမှ ဦးစားပေးကဏ္ဍများအဖြစ် ကျောင်းသား၊ ကျောင်းသူ ၊ လူငယ်များနှင့် အသေးစား၊ အလတ်စား လုပ်ငန်းများအတွက် ခေတ်မီနည်းပညာများဖြင့် တီထွင်ဖန်တီးနိုင်စေခြင်း၊ ဆန်းသစ်ဖန်တီးခြင်း အလေ့အကျင့် များကို အားပေးမြှင့်တင်ခြင်း ၊ စီးပွား၊စီမံ၊စွန့်ဦး တတ်သိပညာများကို ပို့ချခြင်း ၊ လက်တွေ့ အကောင် အထည် ဖော်နိုင်ရန် ပံ့ပိုးခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက် ရာတွင် မြန်မာ့ပထဝီ၊ အားသာချက်များအလိုက် အကျိုးသက်ရောက်မှု အထူူးရှိစေမည့် စိုက်ပျိုးမွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေးဆိုင်ရာကဏ္ဍများအတွက် နည်းပညာများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းစင်တာတွင် နည်းပညာ ကုမ္ပဏီကြီး ၂၀ ကျော်မှ နည်းပညာကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ စီးပွားရေးကဏ္ဍ များပါဝင်ကာ အခြေခံပညာအထက်တန်းအဆင့်မှ စ၍ တက္ကသိုလ်များအထိ လူငယ်များနှင့်ချိတ်ဆက်ပြီး သင်တန်းများ၊ Work Shop များ၊ Traningများကို လူငယ်များ လေ့လာသင်ယူနိုင်ရေးအတွက် ချိတ်ဆက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါစင်တာတွင် စုပေါင်းအလုပ်ရုံ၊ စိတ်တူကိုယ်တူရှိသူများနှင့် ပူးပေါင်း အလုပ်လုပ်နိုင်ရန် ဈေးနှုန်းသင့်တင့်သည့် ခေတ်မီခန့်ညားသော လုပ်ငန်းခွင်နေရာ စီးပွားရေးအဟုန်မြှင့်တင်ပေးမှု၊ ရင်းနှီးမြှုပ်နှံမှု ရရှိနိုင်ရန် အဆင်သင့်ဖြစ်စေသော (၃)လ တာ အဟုန်မြှင့်တင်ပေးမှုအစီအစဉ်၊ စီးပွားရေးတည်ထောင်မှု အထူးသင်တန်း၊ စွန့်ဦး တီထွင်လုပ်ငန်းတစ်ခုတည်ထောင်ရန်အတွက် လိုအပ်သည့် ဆန်းသစ်တီထွင် ခြင်း၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပညာရပ်များကို လက်တွေ့သင်ကြားပေးသည့် (၆)လတာ အထူးသင်တန်း၊ တီထွင်ဖန်တီးမှု၊ ဆန်းသစ်ဖန်းတီးမှုနှင့် စွန့်ဦးတီထွင်မှု ဆိုင်ရာ စီးပွား၊ စီမံ၊ နည်းပညာနှင့် သက်ဆိုင်သည့် အပတ်စဉ်ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲနှင့် နှီးနှောဆွေးနွေးပွဲ များကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.