Science & Technology
အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် စက်ခေါင်းသစ်များမေ ၁ရက်နေ့ရောက်မည်

ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန မြန်မာ့မီးရထားအနေဖြင့် အိန္ဒိယနိုင်ငံမှ စက်ခေါင်းသစ်များကို ဝယ်ယူ ထားပြီးဖြစ်၍ မြန်မာနိုင်ငံ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ လာမည့် မေ ၁ ရက် တွင် ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။
မြန်မာ့မီးရထားအနေဖြင့် ယခု အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသော စက် ခေါင်းသစ်မှာ ငါးခေါင်းဖြစ်ပြီး အဆိုပါ စက်ခေါင်းသစ်များ တင်ဆောင်လာ သောသင်္ဘောသည် ယခု လာမည့် မေ ၁ ရက်တွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ဆိုက်ရောက်လာမည်ဖြစ်သည်။ ယင်းစက် ခေါင်းသစ်များကို ခရီးသွားပြည်သူများ လိုက်ပါစီးနင်းမှု ပိုမိုများပြားသည့် ခရီးလမ်းကြောင်းရှိ နှစ်ရှည်ကြာသုံးစွဲခဲ့ သော ဝန်ပိနေသည့် စက်ခေါင်းနေရာများ တွင် အစားထိုးပြေးဆွဲသွားမည်ဖြစ်သည်။
မြန်မာ့မီးရထားသည် ယခုလက်ရှိ ပြေးဆွဲပေးနေသော စက်ခေါင်းအများစု မှာ ဂျပန်၊ အိန္ဒိယနှင့် တရုတ်စက်ခေါင်းများ ဖြစ်ပြီး ယခင် ဂျာမန်နှင့် ပြင်သစ်စက်ခေါင်း များကိုလည်း ဝယ်ယူသုံးစွဲခဲ့သည်။ ယခု အသစ်ဝယ်ယူသည့် အိန္ဒိယစက်ခေါင်း များသည် ယခင်ဝယ်ယူခဲ့သော တစ်ပတ် ရစ် စက်ခေါင်းများကဲ့သို့မဟုတ်ဘဲ များမကြာမီကမှ ထုတ်လုပ်ထားသော ဆွဲအားကောင်း စက်ခေါင်းသစ်များကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ယခု အိန္ဒိယစက်ခေါင်းများ ကဲ့သို့ တရုတ်တွဲဆိုင်းသစ်များလည်း မြန်မာနိုင်ငံသို့ မကြာမီကာလတွင် ထပ်မံ ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။ (Xinhua)