Connect with us

Science & Technology

ပတ္တမြားစီမံကိန်း လုပ်ငန်း Shutdown ကာလ အတွင်း ရန်ကုန်တွင် မီးမပြတ်ရန် စီစဉ်မည်ဟုဆို

ရန်ကုန်မြို့လျှပ်စစ်ဓါတ်အားပေးရေးအတွက် သွယ်တန်ထားသောမဟာ ဓါတ်အားပေးလိုင်းများကိုတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

သဘာဝဓာတ်ငွေ့သိုက် ရတနာ စီမံကိန်း၏ ဖွံ့ဖြိုးရေး လုပ်ငန်းတစ်ခုဖြစ်သည့် ပတ္တမြား စီမံကိန်း၏ LCP:_ low Compression Platform လုပ်ငန်းများထဲမှ Train လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ရန်ကုန်တွင် သြင်္ကန် လေးရက်အပါအဝင် ကိုးရက်ခန့် လျှပ်စစ်မီး ပြတ်တောက်မည်ဟုပြောကြားခဲ့ခြင်းအပေါ် ပြည်သူ တို့စိုးရိမ် ပူပန်လျက်ရှိရာ ထိုရက်များတွင် လျှပ်စစ် မပြတ်တောက်ရေးအတွက် ပြည်တွင်းသုံး သဘာ၀ ဓာတ်ငွေ့ကို ပို့လွှတ်ပေးသွားသွားရန်စီစဉ်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်အောင်က ယနေ့ဆင်ဟွာသို့ထပ်မံပြောကြားခဲ့သည်။

“လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ရတနာစီမံကိန်းရဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကျဆင်းလာခြင်း ကို ပတ္တမြားစီမံကိန်းမှဖြည့်ဆည်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ၉၅ . ၇ ရာခိုင်နှုန်းကျော်ပြီးစီး ပြီဖြစ်ပါတယ်၊ ကျန်ရှိတဲ့ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် လာမည့် ဧပြီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ တစ်ကြိမ်၊ ဧပြီလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့ အထိတစ်ကြိမ်၊ မေလ ၂၀ ရက်နေ့မှ ၂၁ ရက် နေ့အထိ တစ်ကြိမ် အချိန်ပိုင်းလျှပ်စစ်မီးဖြတ်တောက်မှု (Partial Shutdown) ပြုလုပ်သွားရန် စီစဉ်ထားရှိပြီး Shutdown လုပ်သည့် အချိန်တွင် လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေးအတွက် ပြည်တွင်းသုံး သဘာ၀ ဓာတ်ငွေ့ကို ရယူပြီး ချိတ်ဆက် ပို့လွှတ်ပေးနေမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆင်ဟွာသို့ထပ်မံ ပြောကြားခဲ့သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် လစဉ် သတင်းစာ ရှင်းပွဲ၌ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က “မတ်လကုန်ရက်တွေ ရန်ကုန်မှာ မီးလေးရက် full field shut down လုပ်ခဲ့ရတာကလည်း အဲဒီစီမံကိန်းရဲ့ LCP to MCP ပိုက်လိုင်းတွေ Tie-In ချိတ်ဆက် ပေါင်းကူး လုပ်ငန်းတွေ လုပ်ခဲ့ရလို့ပါ၊ အစက ငါးရက် မီးဖြတ်မယ်လို့ကြေညာခဲ့ပေမယ့် ဌာနက ဝန်ထမ်း တွေက တကယ့်ကို ပင်လယ်ပြင်မှာရှိတဲ့ စင်အထိကို သွားပြီးတော့ ကြီးကြပ်ခဲ့တယ်၊ လမ်း တစ်လျှောက် မှာ ရှိတဲ့ အင်ဂျင်နီယာဌာနတွေ ကလည်း အကုန်လုံး ကြီးကြပ်ပြီးတော့ ဆောင်ရွက်တဲ့ အတွက်ကြောင့် မူလ မှန်းထားတာထက် ၂၆ နာရီ စောပြီးခဲ့ပြီး ငါးရက်အစား လေးရက်ပဲ ဖြတ်ခဲ့ပါတယ်၊ အခုက ကျန်နေသေးတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ဧပြီ ၁၂ ရက်မှ ၁၆ ရက်အထိ၊ ဧပြီ ၂၉ မှ ၃၀ ရက်အထိနှင့် မေ ၂၀ မှ ၂၁ ရက်အထိ လျှပ်စစ်ဓာတ်အား Partial Shutdown လုပ်ဖို့ရှိ ပါတယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.