Connect with us

Social

ကန်တော်ကြီးတွင် ဖြတ်သန်းသွားလာရာ၌ အန္တရာယ်ရှိနိုင်သော တံတားနေရာများအား အသိပေးဆိုင်းဘုတ်များ ချိတ်ဆွဲသွားမည်


ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

မင်္ဂလာတောင်ညွန့်မြို့နယ်ကန်တော်ကြီး၊ ခေမာဒီပကျွန်းနှင့် ပုဂံလုံးကျွန်းသို့ ဆက်သွယ်ထားသောသစ်သားတံတားမှာဘယ်ဘက်ခြမ်းရှိတံတားယက်မကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း၊ ကန်တော်ကြီးတွင် လက်ရှိ ကြံ့ခိုင်မှုနည်းနေပြီး ဖြတ်သန်းသွားလာပါက အန္တရာယ်ရှိနိုင်သော တံတားနေရာများအား အသိပေးဆိုင်းဘုတ်များ ချိတ်ဆွဲ၍ အများပြည်သူသိရှိအောင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးမြို့တော်ဝန် ဦးမောင်မောင်စိုး ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ကန်တော်ကြီး ပတ်လမ်း မူလသစ်သားတံတားအရှည်ပေမှာ (၇၀၀၀) ပေ ရှိကာ သစ်သားတံတားဖြစ်ပြီးကြံ့ခိုင်မှု လျော့နည်းလာသည့်အတွက် သံကူကွန်ကရစ်တံတားကို တည်ဆောက်ခဲ့ရာ ယခင်နှစ်က ပေ(၁၂၅၀)ပြီးစီးကာ ယခုနှစ်ဘတ်ဂျတ်တွင် ပေ (၂၀၀၀)ပြီးစီးရန် ရည်မှန်းထားပြီး ဘတ်ဂျတ်နှစ်အလိုက် ကျန်ရှိသော ပေအရှည်များကို ဆက်လက်ဆောက်လုပ်သွားရန် အစီအစဉ်များချမှတ်ထားကြောင်း သိရသည်။

တံတားကျိုးကျမှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ– ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး Facebook)

ကန်တော်ကြီးအတွင်း ရှိ တံတားဖြတ်သန်းခွင့် နှင့်ပတ်သက်သည့် သတိပေးဆိုင်းဘုတ်တစ်ခု အားတွေ့ရစဉ် (ဓာတ်ပုံ– ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး Facebook)

ယနေ့နံနက ခေမာဒီပကျွန်းနှင့် ပုဂံလုံးကျွန်းသို့ ဆက်သွယ်ထားသောသစ်သားတံတား၏ ဘယ်ဘက်ခြမ်းရှိတံတားယက်မကျိုးကျမှုဖြစ်ပွားခဲ့ရာ သုခိတာဇရပ်(၅၀’×၄၀’)တွင် အားကစား လေ့ကျင်ခန်းပြု လုပ်ပြီးပြန်ထွက်လာသော အမျိုးသားတစ်ဦး နှင့် အမျိုးသမီးလေးဦး ရေထဲပြုတ်ကျခဲ့သဖြင့် အဆိုပါ(၅)ဦးအားပန်းဥယျာဉ်ဌာနမှဝန်ထမ်းများမှ ကယ်ဆယ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.