Connect with us

Social

ကံဘဲ့လမ်းပေါ်ရှိ ကလေးကစားကွင်း မြေနေရာအား အားကစားကွင်းအဖြစ်စီစဉ် ဆောင်ရွက်မည်

လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်အားတွေ့ရစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ရန်ကင်းမြို့နယ်၊အမှတ်(၄)ရပ်ကွက်၊ကံဘဲ့လမ်းပေါ်ရှိ ကလေးကစားကွင်းမြေနေရာအား ယင်းမြေကွက် ပေါ်ရှိ အဆောက်အဦကို ရှင်းလင်းပြီး မြေယာအားပြန်လည်ဖော်ထုတ်မှု ပြုလုပ်ချိန်တွင် အားကစားကွင်းအဖြစ် စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးတွင် ရန်ကင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၏ ရန်ကင်းမြို့နယ်၊အမှတ်(၄) ရပ်ကွက်ရှိ ကံဘဲ့လမ်းပေါ်တွင်တည်ရှိသော ကလေးကစားကွင်းမြေနေရာသည် အိုးအိမ်ဦးစီးဌာနမှ စီမံခန့် ခွဲသောမြေဖြစ်ပြီး ၎င်းအဆောက်အဦကြီးမှာ မည်သူကပိုင်ဆိုင်ပြီး၊ မည်သူ့ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ထားခြင်း ကို သိလိုကြောင်း ၎င်းအဆောက်အဦနှင့် မြေမှအခွန်အခကို မည်သူကရရှိပြီး နိုင်ငံတော်မှ မည်မျှအခွန်အခ ရရှိနေသည်ကို သိလိုကြောင်း မေးခွန်းနှင့်ပတ်သက်ပြီး လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“အိုးအိမ်ဦးစီးဌာနက မြို့ပြနဲ့အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာနက စီမံခန့်ခွဲနေတဲ့ အိမ်ယာများ၊ မြေများအားလုံးကို ဒီ ၂၀၁၈ ဒီဇင်ဘာလ နောက်ဆုံးထားပြီးတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ ဒီကလေးကစားကွင်း မြေနေရာအဖြစ်ဖော်ပြထားခြင်း မရှိဆိုတာ သက်ဆိုင်ရာမှာ မြို့ပြနဲ့အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာန သော်လည်းကောင်း၊ မြေစာရင်းသော်လည်းကောင်း၊ YCDCမှာသော်လည်းကောင်း မြေပုံတွေရှိပြီး ဒီမြေပုံပေါ်မှာ မှတ်သားထားချက်အရ ဖော်ပြခြင်းဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ကြီး အကြံပြုသွားတဲ့ အတိုင်း ကျမတို့အနေနဲ့ ဒီမှာစားသောက်ဆိုင် ဖွင့်ထားသူကို ရှင်းလင်းပြီးတဲ့အချိန်မှာ ဒီမြေကို Redevelopment လုပ်တဲ့ အချိန်မှာ အားကစားကွင်းအနေနဲ့ စီစဉ်ဆောင်ရွက်သွားနိုင်ဖို့ ဆောင်ရွက်သွားမည်ဖြစ်ပါတယ် ’’ဟု ဝန်ကြီးက ပြောသည်။

ရန်ကင်းမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိမြေနေရာသည် မူလအိမ်ယာစခန်း MasterPlan အရ မြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသော အစိုးရမြေပိုင် မြေအလွတ်ဖြစ်ပြီး ကလေးကစားကွင်း မြေနေရာ အဖြစ် သတ်မှတ်ဖော်ပြထားခြင်း မရှိကြောင်း ဝန်ကြီးကပြောသည်။

အဆောက်အဦဆောက်လုပ်ထားသောမြေနေရာမှာ အိမ်ယာစခန်းနှင့် ကန်ဘဲ့လမ်းအကြား အစိုးရမြေ ပေါ်တွင် တည်ရှိကြောင်း အဆိုပါမြေပေါ်တွင် တည်ဆောက်ထားသည့် အဆောက်အဦမှာ ယခင် န.ဝ.တ အစိုး ရလက်ထက်တွင် တပ်မတော်ထောက်လှမ်းရေး သက်သာရန်ပုံငွေအဖြစ် စားသောက်ဆိုင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်းတွင် လုပ်ငန်းဆောက်ရွက်သူ ဦးအောင်ဇော်မှ အဆောက်အဦ ဆောက်လုပ်ပြီး စားသောက်ဆိုင် အဖြစ် နှစ်စဉ်မြေငှားရမ်းခ ပေးသွင်းစေ၍ လုပ်ငန်းလုပ်ကိုင်လျက်ရှိကြောင်း၊ မြေငှားရမ်းခနှုန်းထားကို (၅)နှစ်တစ်ကြိမ် စိစစ်တိုးမြှင့် တောင်းခံပြီး မြေငှားရမ်းခငွေအဖြစ် နိုင်ငံတော်သို့ ပေးသွင်းလျက်ရှိရာ ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ် အထိ တစ်လလျှင် ငွေကျပ် ၂သိန်းဖြင့် တစ်နှစ်လျှင် ၂၄သိန်းဖြင့်လည်းကောင်း ၂၀၁၁ခုနှစ်မှ၂၀၁၇ခုနှစ်အထိ တစ်လလျှင်ငွေကျပ် ၂.၂ သိန်းဖြင့် တစ်နှစ်လျှင် ငွေကျပ်၂၆.၄သိန်းနှုန်းဖြင့် မြေငှားရမ်းခ ပေးသွင်းလျက်ရှိကြောင်း ၎င်းကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.