Social
နိုင်ငံ တစ်ဝန်း သြဂုတ်လ အတွင်း မှုးယစ်ဆေးဝါးဖမ်းဆီး ရမိမှု ၁၀၃၉ မှုအနက် ရှမ်းပြည်နယ်၌ အများဆုံးဖြစ်
ရန်ကုန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)
တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးတွင် သြဂုတ်လအတွင်း မူးယစ်ဆေးဝါးမှု ၁၀၃၉ မှုအား ဖမ်းဆီးရမိခဲ့ပြီး ရှမ်းပြည်နယ်၌ အများဆုံး ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်ခဲ့သည်။
မူးယစ်ဆေးဝါး ဖမ်းဆီး ရမိမှုများ အနက် ရှမ်းပြည်နယ်၌ ၃၁၂ မှုဖြင့် အများဆုံး ဖမ်းဆီး ရမိခဲ့ပြီး ကချင်ပြည်နယ်၌ ၁၉၅ မှု ၊ စစ်ကိုင်းတိုင်း ဒေသကြီး၌ ၁၄၅ မှု တို့ဖြင့် အများဆုံး ဖမ်းဆီး ရမိခဲ့ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။
ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သြဂုတ်လ အတွင်း အမှုကြီး ၁၀ မျိုး ဖြစ်သည့် လူသတ်မှု ၊ ဓားပြမှု ၊ လုယက်မှု ၊ ပြန်ပေးမှု ၊ မုဒိမ်းမှု ၊ ဖောက်ထွင်းမှု ၊ တိရိစ္ဆာန် ခိုးမှု ၊ ပုန်ကန်မှု ၊ လက်နက်မှု ၊ မတရား အသင်းမှု ဖြစ်ပွားမှုမှာ စုစုပေါင်း ၂၃၃ မှု ရှိကြောင်း သိရသည်။(Xinhua)