Social
မြဝတီမြို့၊ ထားဝယ်မြို့နယ်၊ တနင်္သာရီမြို့နယ်နှင့် ကော့သောင်းမြို့တို့၌ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၁၃၇ ဦး ပြန်လည်ရောက်ရှိလာ

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)
မြဝတီမြို့၊ ထားဝယ်မြို့နယ်၊ တနင်္သာရီမြို့နယ်နှင့် ကော့သောင်းမြို့တို့၌ ဒီဇင်ဘာ လ ၂၆ ရက် တို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၁၃၇ ဦး ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ၂၆ ရက်နေ့ ၀၉း၀၀ နာရီ အချိန် မှ ၁၈း၀၀နာရီ အချိန်ထိ မြဝတီမြို့ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၄၉ ဦး(ကျား ၁၇၃၊မ ၇၆)၊ ထားဝယ် မြို့နယ် ထီးခီးနယ်စပ်ဂိတ်မှ ၈၀ ဦး(ကျား ၄၉၊ မ ၃၁)၊ တနင်္သာရီမြို့နယ် ရှိနယ်စပ် ဂိတ်မှ ၂၃၇ ဦး(ကျား ၁၂၉၊ မ ၁၀၈)၊ ကော့သောင်းမြို့ နယ်စပ်ဂိတ်မှ ၅၇၁ ဦး(ကျား ၃၄၃၊ မ ၂၂၈)၊ ပေါင်း ၁၁၃၇ ဦး(ကျား ၆၉၄၊ မ ၄၄၃)တို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
၂၀၁၇ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ မှ ဒီဇင်ဘာလ ၂၅ ရက်နေ့ထိ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင်ပြောင်း လဲမှုကြောင့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၁၆၂,၆၂၁ ဦး(ကျား ၉၃,၃၇၂၊ မ ၆၉,၂၄၉)တို့ ပြန်လည် ဝင်ရောက်လာခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)