Connect with us

Social

မြဝတီ (၉၉၉) ဂိတ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် လာသည့် ရွှေ့ပြောင်းလုပ်သားများအား အလုပ်အကိုင်ရရှိရန်ဆောင်ရွက်ပေးလျက်ရှိ

ရွှေ့ပြောင်းမြန်မာလုပ်သားတချို့အားတွေ့ရစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ် မြဝတီ (၉၉၉) ဂိတ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် လာသည့် ရွှေ့ပြောင်းမြန်မာ လုပ်သားများ ကျွမ်းကျင်သည့် အလုပ်နှင့် လုပ်ကိုင်လိုသည့် အလုပ်ကို စာရင်းကောက်ယူနေကာ သက်ဆိုင်ရာမြို့နယ် ရုံးများနှင့် ချိတ်ဆက်၍ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် နိုင်ငံခြားသား အလုပ်သမားများ စီမံခန့်ခွဲရေး ဥပဒေကျင့်သုံးခြင်းကို ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က ရက်ပေါင်း၁၂ဝ ရပ်ဆိုင်းထားသော်လည်း ရွှေ့ပြောင်း မြန်မာလုပ်သားများမှာ ဆက်လက်ပြန်လာ နေကြခြင်းဖြစ်ကာ ဇွန်၂၉ ရက်မှ ဇူလိုင် ၂ ရက်ထိ ပြန်လာသူ အမျိုးသား ၉၇ဝ၄ ဦး၊ အမျိုးသမီး ၅၇၇၂ ဦး၊ စုစုပေါင်း ၁၅၄၇၆ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။

မြန်မာ အလုပ်သမားများ ပြန်လည် ဝင်ရောက်လာရာတွင် ဇွန် ၂၉ ရက်နှင့် ၃ဝ ရက်တို့က မြဝတီမြို့ (၉၉၉) ဂိတ်မှသာ ဝင်ရောက်ခဲ့သော်လည်း ထိုင်းနိုင်ငံအလုပ်သမား ဥပဒေသစ်ကို ထိုင်းနိုင်ငံဝန်ကြီးချုပ် က ရက်ပေါင်း၁၂ဝ ရပ်ဆိုင်းလိုက်သည့် နောက်ပိုင်း နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးမှုဖြင့် ဇူလိုင် ၁ရက်၊ မွန်းလွဲပိုင်းမှစတင်ကာ နှစ်နိုင်ငံတာဝန်ရှိသူများ အလွဲှအပြောင်းဖြင့် ချစ်ကြည်ရေးတံတားမှ တရားဝင် ပြန်လည်လက်ခံခဲ့ကြောင်း အစိုးရသတင်းဌာနတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.