Social
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြံမြေ ရောင်းဝယ်ခြင်းမှ အခွန် ငွေကျပ် ၄၇ ဘီလီယံ ကောက်ခံရရှိထားဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၃ရက် (ဆင်ဟွာ)
၂ဝ၁၆ -၂ဝ၁၇ ဘဏ္ဍာနှစ်၏ ဧပြီလမှ နိုဝင်ဘာလအထိ ရှစ်လတာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခြံမြေ ရောင်းဝယ်ခြင်းမှ အခွန် ငွေကျပ် ၄၇ ဘီလီယံ ကောက်ခံရရှိထားကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
အဆိုပါ ကောက်ခံရရှိထားမှုသည် ယခင်ဘဏ္ဍာနှစ် ကာလတူ ထက် ငွေကျပ် ၂၃ ဘီလီယံ ပိုမိုကောက်ခံရရှိထားသည်။
အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်ပါက သက်ဆိုင်ရာ အခွန်ရုံး၌ တိုင်းဒေသကြီး အစိုးရအဖွဲ့က သတ်မှတ်ထားသည့် တစ်ပေပတ်လည် အိမ်ခြံမြေအခွန်နှုန်းထားများဖြင့် တန်ဖိုးဖြတ်ပြီး အခွန်ပေးဆောင် ရခြင်းဖြစ်ကာ အိမ်ခြံမြေ အခွန်နှုန်းထားများ လျှော့ချပြီးနောက်ပိုင်းတွင် အခွန်ထမ်းဦးရေ ပိုမို လာကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။(Xinhua)