Connect with us

Social

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသ ရှိ ဘုရားများကို ငလျင်ဒဏ်ခံ နိုင်သည့် ကြံ့ခိုင်မှု ရှိ၊ မရှိ စစ်ဆေးသွားမည်

ပုဂံဒေသရှိ ဘုရားစေတီများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသ ရှိ ဘုရားများကို ငလျင်ဒဏ်ခံ နိုင်သည့် ကြံ့ခိုင်မှု ရှိ၊ မရှိ စစ်ဆေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး မြန်မာနိုင်ငံ ငလျင်ကော်မတီမှ သိရသည်။

ပုဂံဘုရားများကို ကြံ့ခိုင်မှု ရှိ၊ မရှိ စစ်ဆေးပြီး ထွက်ရှိလာသည့် အဖြေပေါ် မူတည်ကာ ပြုပြင်သင့်သည့် ဘုရားများကို ပြုပြင်ရန် သက်ဆိုင်ရာ ဌာနသို့ အကြံပြု တင်ပြသွားမည် ဖြစ်သည်။

အဆိုပါ ပုဂံဒေသတွင် ၂ဝ၁၆ ခုနှစ် သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သော ၆ ဒသမ ၈ ရစ်(ချ်)တာ စကေး ပြင်းအားရှိသည့် ငလျင်ကြောင့် ဂူဘုရား ၂၅၈ ဆူ၊ စေတီ ၁ဝ၄ ဆူ၊ အုတ်ကျောင်း ၁၃ ကျောင်းတို့ ပျက်စီးခဲ့ပြီး စစ်ဆေးမှု ပြုလုပ်နိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ အကြောင်းကြား သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းစဉ်များ အတွက် မြန်မာနိုင်ငံ ငလျင် ကော်မတီက ဦးဆောင်မည် ဖြစ်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းကလည်း ပူးပေါင်းကူညီ သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.