Connect with us

Social

အဆောက်အအုံ ဆောက်လုပ်ခွင့်ပုံစံ စစ်ဆေးခ၊ အာမခံစပေါ်ငွေ၊ ကြိုတင်ဆောက်ဒဏ်ကြေး နှုန်းထားများ ပြောင်းလဲ

ရန်ကုန်မြို့တွင်းရှိ လူနေတိုက်ခန်းများအားတွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

ရန်‌ကုန်‌မြို့အတွင်‌းရှိ အဆောက်အအုံ ဆောက်လုပ်ခွင့်ပုံစံ စစ်ဆေးခ၊ အာမခံစပေါ်ငွေ၊ ကြိုတင်ဆောက်ဒဏ်ကြေး နှုန်းထားများအား ပြောင်းလဲကောက်ခံနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

အဆိုပါ ဒဏ်ကြေးနှုန်းထားများအား ဇွန် ၁ ရက်မှ စ၍ ပြောင်းလဲ ကောက်ခံနေပြီး ပုံစံစစ်ဆေးခအတွက် မိသားစုနေအိမ် တစ်စတုရန်းပေလျှင် ငွေကျပ် ၅ဝ၊ စီးပွားရေးသုံး အဆောက်အအုံ တစ်စတုရန်းပေလျှင် ငွေကျပ် ၇၅ ၊ အုတ်ညှပ်အိမ် တစ်စတုရန်းပေလျှင် ငွေကျပ် ၃ဝ ၊ ပျဉ်ထောင်အိမ် တစ်စတုရန်းပေလျှင် ငွေကျပ် ၂ဝ ၊ ခြံစည်းရိုးတစ်ပေလျှင် ငွေကျပ် ၁ဝဝ၊ အကြီးစားပြင်ဆင်ခွင့် တစ်စတုရန်းပေလျှင် ငွေကျပ် ၅ဝ နှုန်းဖြစ်‌ကြောင်း၊ ကြိုတင်ဆောက် ဒဏ်ကြေးငွေအတွက် မိသားစုနေအိမ် တစ်စတုရန်းပေလျှင် ငွေကျပ် ၅ဝဝ၊ စီးပွားရေးသုံး အဆောက် အအုံ တစ်စတုရန်းပေလျှင် ငွေကျပ် ၂၅ဝဝ ၊ ခြံစည်းရိုးတစ်ပေလျှင် ငွေကျပ် ၃၆ဝ နှင့် ကျော်လွန်ဆောက်လုပ်သည့် ဒဏ်ကြေး တစ်စတုရန်းပေလျှင် ငွေကျပ် ၁၅ဝဝဝ ကောက်ခံမည်ဖြစ်‌သည်။

အဆောက်အအုံဖျက် ဒဏ်ကြေး အနေဖြင့် တိုက်အိမ် တစ်စတုရန်းပေလျှင် ငွေကျပ် ၂၅ ၊ အုတ်ညှပ်အိမ် တစ်စတုရန်းပေလျှင် ငွေကျပ် ၂ဝ ၊ ပျဉ်ထောင်အိမ် တစ်စတုရန်းပေလျှင် ငွေကျပ် ၁၅ ကျပ် ပြောင်းလဲ ကောက်ခံမည်ဖြစ်ပြီး အဆောက်အအုံ ကြိုတင်ဖျက်သိမ်း ဒဏ်ကြေး တိုက်အိမ် တစ်စတုရန်းပေလျှင် ငွေကျပ် ၆ဝ၊ ပျဉ်ထောင်အိမ် တစ်စတုရန်းပေလျှင် ငွေကျပ် ၃ဝ၊ အုတ်ညှပ်အိမ် တစ်စတုရန်းပေလျှင် ငွေကျပ် ၅ဝ ဖြင့် ပြောင်းလဲ ကောက်ခံမည်ဖြစ‌်‌သည်။

လူနေထိုင်ခွင့် (BCC) အမည်ပြောင်းခအနေဖြင့် မိတ္တူမှန်ကူးယူခ ခွင့်ပြုမိန့်တစ်ရွက်လျှင် ငွေကျပ် ၂၄ဝဝ ‌၊ ခွင့်ပြုပုံစံတစ်ရွက် လျှင် ငွေကျပ် ၁၂ဝဝ ပြောင်းလဲကောက်ခံမည်ဖြစ်ပြီး အမြင့်‌ပေပိုဒဏ်ကြေး မိသားစု နေအိမ်တစ်ပေလျှင် ငွေကျပ် ၁၂ဝဝဝဝ၊ စီးပွားဖြစ် အဆောက်အအုံ တစ်ပေလျှင် ငွေကျပ်၂၄ဝဝဝဝ ကောက်ခံသွားမည်ဖြစ်‌သည်။အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်ခြင်းအတွက် အာမခံကြေးကို သုံးထပ်ခွဲနှင့် အထက် အဆောက်အအုံတစ်လုံးလျှင် ငွေကျပ် သိန်း ၅ဝ၊ သုံးထပ်အောက်တစ်လုံးလျှင် ငွေကျပ် သိန်း ၃ဝ ဖြင့် ပြောင်းလဲကောက်ခံမည်ဖြစ်‌ကြောင်‌း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.