Connect with us

Social

အကောက်ခွန်မဲ့ပစ္စည်း တစ်လအတွင်း ကျပ်သန်းသုံးထောင်ကျော်ဖိုး ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော အကောက်ခွန်မဲ့ပစ္စည်းများအား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

အကောက်ခွန်မဲ့ပစ္စည်းများ ဖမ်းဆီးရာတွင် ယခုနှစ် မေ ၁ ရက်မှ ၃၁ ရက်အထိ တစ်လအတွင်း ကျပ်သန်း သုံးထောင်ကျော်ဖိုး ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယခုနှစ်မေ ၁ ရက်မှ ၃၁ ရက်အတွင်း ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ တားဆီးမှုနှစ်မှု၊ ရန်ကုန်ဆိပ်ကမ်းတားဆီးမှုမှ ၁၂ မှု၊အကောက်ခွန်ဦးစီးဌာန ရုံးချုပ်အထူးကင်းအဖွဲ့တားဆီးမှုမှ ၁၄ မှု၊ မန္တလေးတိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန တား ဆီးမှုမှ၃၂ မှု၊ ရေပူအမြဲတမ်းစစ် ဆေးရေးစခန်းမှတားဆီးမှု ၁၆ဝ မှု၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေး စခန်းမှ တားဆီးမှု ၁၇၅ မှု၊ပဲခူးတိုင်းဒေသကြီး အကောက်ခွန် ဦးစီးဌာနမှ တားဆီးမှု ခြောက် မှု၊ မူဆယ်(OSS ) စစ်ဆေးရေးစခန်းမှတားဆီးမှု ၆၂ မှု၊ မြဝတီ (OSS) စစ်ဆေးရေး စခန်းမှ တား ဆီးမှုရှစ်မှု၊ ဘားအံမြို့နယ်အကောက်ခွန်ဦးစီးဌာနမှ တားဆီးမှုခုနစ်မှု၊ တာချီ လိတ်မြို့ နယ် အကောက် ခွန်ဦးစီးဌာနမှ တားဆီးမှု နှစ်မှု၊ မြစ်ကြီးနားမြို့နယ် အကောက် ခွန်ဦးစီးဌာနမှ တားဆီးမှုငါးမှု၊ ဗန်းမော်မြို့နယ် အကောက် ခွန်ဦးစီးဌာနမှ ဌာနမှူးရုံးတားဆီးမှု ရှစ်မှု၊ လွိုင်ကော်မြို့နယ် အကောက်ခွန် ဦးစီးဌာနမှူးရုံး မှတားဆီးမှု တစ်မှုစသည့်ဖြင့် စုစုပေါင်း ၄၉၄မှု ဖမ်းဆီးရမိခဲ့ပြီး ခန့်မှန်းတန်ဖိုး ငွေကျပ်၃၃၇၅ ဒသမ ၇၅၁ သန်းခန့် ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိမှုများသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်သိုလှောင်ရုံ၊ ဆိပ် ကမ်းများ၊ အထူး ကင်း၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းနှင့် အကောက် ခွန်နယ်မြေဒေသ အသီးသီးတို့၌တင်သွင်း၊ တင်ပို့ခွင့် စာရွက် စာတမ်း အထောက် အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသော တင်သွင်း တင်ပို့ပြုလုပ်သည့်ကုန်ပစ္စည်းများအား စစ်ဆေးအရေးယူမှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.