Social
၂၀၂၀ ပြည့်နှစ်မှာ ရန်ကုန် မှ မန္တလေး သို့ ရထားဖြင့် ရှစ်နာရီနှင့် ရောက်ရှိမည်ဟု ပို့/ ဆက်ဝန်ကြီး ပြော
နေပြည်တော်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
ရန်ကုန် – မန္တလေး ရထားလမ်းပိုင်းကို ကာလတို ငါးနှစ်ကာလအတွင်း အဆင်မြှင့်တင်သွားမည်ဖြစ်ရာ ၂၀၂၀ ပြည့်နှစ်တွင် ရန်ကုန် – မန္တလေးကို ရထားဖြင့် ရှစ်နာရီအတွင်း ရောက်ရှိစေမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယနေ့ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။
မီးရထား ပို့ဆောင်ရေး ကဏ္ဍကို ယခုထက် ပိုမို ရင်းနှီး မြှုပ်နှံပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်စေရန် အဆင့်အတန်း မြှင့်တင်ပေးရေး ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးအပြီး ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ဟည်။
အဆိုပါ ငါးနှစ်ကလအတွင်း အကောင်အထည်ဖော်မည့် စီမံကိန်း ငါးခုတို့မှာ
စိမံကိန်း အမှတ် (၁) – ရန်ကုန်တွင် စွမ်းဆောင်ရည် မြင့်မားသည့် BRT စနစ် ထူထောင်ရန်၊ ယာဉ် လိုအပ်ချက်နှင့် ကားရပ်နားမည့် ဧရိယာကို စီမံခန့်ခွဲရန်၊ ရန်ကုန် မြို့ပတ် ရထားလမ်းပိုင်း အဆင့် မြှင့်တင်ရန်၊ အမှတ် (၂) – နိုင်ငံတကာသို့ဆက်သွယ်နိုင်ရေးအတွက် မြဝတီနှင့် မူဆယ် လမ်းမကြီးများအား အဆင်မြှင့်တင်ရန်၊ ကုန်တင်ယာဉ်များကို အမြန်လမ်း အသုံးပြုခွင့်ပေးရန်၊ အဝေးပြေး လမ်းမကြီးများ အဆင့် မြှင့်တင်ရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ရန်၊ အမှတ်(၃) – ရန်ကုန် – မန္တလေးလမ်းပိုင်း အဆင့်မြှင့်တင်ရန်နှင့် အခြား အဓိက လမ်းပိုင်းများ ပြုပြင် ထိန်းသိမ်းရန်၊ အမှတ် (၄) – ရန်ကုန်နှင့် မန္တလေး အကြား သင်္ဘောဆိပ်ကမ်းများ တည်ဆောက်ရန်၊ ရေလမ်းကြောင်း ကောင်းမွန်ရေး ဆောင်ရွက်ရန်၊ ဈေးနှုန်း သက်သာသော ရေကြောင်းလမ်းညွှန် အမှတ်အသားများ တပ်ဆင်ရန်၊ အမှတ် (၅) – အမျိုးသား အဆင့် အစီအစဉ်ဖြင့် ကျေးလက်လမ်းများ ဖောက်လုပ်ရန် တို့ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက လွှတ်တော်သို့ရှင်းပြခဲ့သည်။ (Xinhua)