Social
ငပလီ၊ ငွေဆောင်နှင့် ချောင်းသာကမ်းခြေတို့ရှိ ဟိုတယ်အများစု အောက်တိုဘာလတွင် ပြန်လည်ဖွင့်လှစ်မည်

ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
မိုးရာသီကာလအတွင်း ငပလီ၊ ငွေဆောင်နှင့် ချောင်းသာကမ်းခြေတို့ရှိ ဟိုတယ်အများစုကို ခေတ္တပိတ်ထားပြီး အောက်တိုဘာလမှ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန (ငပလီ)ထံမှ သိရသည်။
ငပလီကမ်းခြေတွင် ဟိုတယ်နှင့် တည်းခိုခန်းပေါင်း ၄ဝ ခန့် ရှိသည့်အနက်၃၇ လုံးကို ပိတ်ထားမည်ဖြစ်ပြီး ငွေဆောင်ကမ်းခြေရှိ ဟိုတယ် ၂၅ လုံးအနက် ဟိုတယ် ၁၂ လုံးကို ပိတ်ထားမည်ဖြစ်ကြောင်း ၊ ချောင်းသာကမ်းခြေရှိ ဟိုတယ်နှင့် တည်းခိုခန်းပေါင်း ၂၉ လုံး ရှိသည့်အနက် ၁ဝ လုံးကို ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)