Connect with us

Social

နိုင်ငံတော် သမ္မတ(ဟောင်း) ဦးသိန်းစိန် ဂျပန်နိုင်ငံ ERIA က ပေးအပ်သော အာရှကော်စမိုပိုလစ်တန်ဆုရ

ဂျပန်နိုင်ငံ ERIA က ပေးအပ်သော အာရှကော်စမိုပိုလစ်တန်ဆုရရှိလာသော ဦးသိန်းစိန်ကို ရန်ကုန်လေဆိပ်၌ တွေ့ရစဉ်(ဓာတ်ပုံ-USDP)

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော် သမ္မတ(ဟောင်း) ဦးသိန်းစိန်သည် ဂျပန်နိုင်ငံ အာဆီယံ နှင့် အာရှရေးရာ စီးပွားရေး သုတေသနအင်စတီကျု(ERIA)ကပေးအပ်သော Asia Cosmopolitan Awards Grand Prize 2017ကို ရရှိခဲ့ကြောင်း သိရသည်။

သမ္မတ(ဟောင်း) ဦးသိန်းစိန်သည် တာဝန်ထမ်းဆောင်ခဲ့သော ငါးနှစ်တာ ကာလအတွင်း အေးချမ်းတည်ငြိမ်စွာ ဖွံ့ဖြိုးမှုကို ဆောင်ရွက်ခဲ့ပြီး အရှေ့အာရှဒေသတွင်း ယဉ်ကျေးမှုနှင့်စီးပွားရေးစုစည်းမှုကို ဦးတည်သော လူမှုရေးဖွံ့ဖြိုးမှုအလားအလာများကိုဖော်ဆောင်နိုင်မှုကြောင့် ယင်းဆုကို ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ၊ နာရာမြို့၌ ဇန်နဝါရီ ၁၅ ရက်ကျင်းပသော Asia Cosmopolitan Awards (ACA)ဆုပေးအပ်ချီးမြှင့်ပွဲကို သမ္မတဟောင်း ဦးသိန်းစိန်က ဂျပန်နိုင်ငံသို့ သွားရောက်ဆုယူခဲ့သည်။

အဆိုပါ ဆုပေးပွဲကို ဂျပန်နိုင်ငံတွင် တတိယအကြိမ် မြောက်ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး ဦးသိန်းစိန်နှင့်အတူ ကိုနန်တက္ကသိုလ်မှ ပါမောက္ခ ဂျပန်နိုင်ငံသား Professor Masahisa Fujita က စီးပွားရေးနှင့် လူမှုသိပ္ပံဆုကိုလည်းကောင်း၊ ဥရောပကောင်စီဥက္ကဋ္ဌ ဘယ်လ်ဂျီယံနိုင်ငံသား Mr. Herman Van Rompuy က ယဉ်ကျေးမှုဆိုင်ရာဆုကိုလည်းကောင်း အသီးသီးရရှိခဲ့ကြကြောင်း သတင်း ရရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.