Social
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – (၂၁)ရာစု ပင်လုံ အထိမ်းအမှတ် အထူးထုတ် စာပို့ တံဆိပ်ခေါင်း ၃ မျိုး ရောင်းချမည်

ရန်ကုန် ၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ)
တိုင်းရင်းသားလူမျိုးများ အားလုံး ပါဝင်သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – (၂၁)ရာစု ပင်လုံအား ဂုဏ်ပြုသည့် အထိမ်းအမှတ် အထူးထုတ်စာပို့ တံဆိပ်ခေါင်း ၃ မျိုးအား သြဂုတ် ၃၁ ရက်တွင် ရောင်းချသွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းထံမှ သိရသည်။
အထူးထုတ်စာပို့ တံဆိပ်ခေါင်း ၁၀၀ ကျပ်တန်၊၂၀၀ ကျပ်တန်၊ ၅၀၀ ကျပ်တန် ၃ မျိုးအား အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီး နှင့် မန္တလေး စာတိုက်ကြီးတို့တွင် သြဂုတ် (၃၁)ရက်နေ့၌ ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲ အမှတ်အသား တံဆိပ် ရိုက်နှိပ်ပေးမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အထူးထုတ်စာပို့ တံဆိပ်ခေါင်း ၃ မျိုးအား တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်များ၌ သြဂုတ် ၃၁ ရက်တွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)