Connect with us

Social

ဘတ်စ်ကားလိုင်းများကို ယာဉ်လိုင်း ၅၀ ဖြင့် ပြေးဆွဲမည်

ယာဉ်လိုင်းတချို့ပြေးဆွဲနေမှုအားေ တွ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင် ယာဉ်လိုင်း ၃၅၇ လိုင်းကို ဖျက်သိမ်းကာ လမ်းကြောင်းများ စနစ်တကျ စုဖွဲ့ပြီး ယာဉ်လိုင်း ၅၀ ခန့်ဖြင့် ပြေးဆွဲရန် စီစဉ်နေကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်လိုင်းများသည် ခရီးသည် အင်အားနှင့် ယာဉ်အင်အားတို့ကို စနစ်တကျ တွက်ချက်ခြင်းမရှိဘဲ ခရီးစဉ် လမ်းကြောင်းများသာ ပြေးဆွဲနေခြင်းကြောင့် ခရီးသည်များ အဆင်မပြေမှုများရှိသဖြင့် ပိုမိုစနစ်ကျ စေရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြိုးပမ်းနေကြောင်း သိရသည်။
ထိုသို့လျှော့ချရာတွင် တချို့ယာဉ်လိုင်းများကို အများပိုင် ကုမ္ပဏီအဖြစ် တည်ထောင်ပေးမည် ဖြစ်ပြီး တချို့ယာဉ်လိုင်းများ ကိုလည်း ပုဂ္ဂလိက ယာဉ်လိုင်းများ အဖြစ် ဆောင်ရွက်ပေးမည် ဖြစ်ကာ ယာဉ်လိုင်းများ လျော့နည်းသွားသော်လည်း ယာဉ်အစီးရေ များမှာ လျော့နည်းမည် မဟုတ်သဖြင့် ခရီးသည်များ အခက်အခဲ ရှိနိုင်မည် မဟုတ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသူများ အသင်းမှ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက “ဘတ်စ်ကားများ လိုင်းတွေကို ဖျက်သိမ်းပြီး စုစုပေါင်းလိုင်း ၅၀ ပဲ သတ်မှတ် ပြေးဆွဲမယ်ဆိုတဲ့ အကြောင်း၊ ဘတ်စ်ကားတွေကို အများပိုင် ကုမ္ပဏီ ထောင်ပေးမယ်ဆိုတဲ့ အကြောင်း၊ ဥပမာ ဆီဆိုင်ဖွင့်ခွင့် တွေဘာတွေလိုမျိုး အပါအဝင် တချို့ကိစ္စတွေမှာ အစိုးရက ထောက်ပံ့ပေးမယ် ဆိုပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့ပါတယ်’’ ဟုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.