Connect with us

Social

ဘာသာတိုင်း အလေးထားသော မေတ္တာတရားသည် အားလုံး၏ တူညီသော ဆုံချက် ဖြစ်

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့  ဧည့်သည်တော်များ ရောက်ရှိလာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ)

ဘာသာတရားတိုင်းက အလေးထားသော မေတ္တာတရားသည် မတူညီသော ဘာသာအားလုံး၏ တူညီသော ဆုံချက်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နံနက် ကျင်းပသော မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး (ငြိမ်းချမ်း မေတ္တာ)အဖွဲ့၏ အကြံပြု ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားတွင် သူမက ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က “ဘာသာရေးပဋိပက္ခများကို ရှောင်ရှားနိုင်ရန်နဲ့ လုံခြုံ ငြိမ်းချမ်း ညီညွတ်မှုတွေကို တည် ဆောက်နိုင်ရန် အသိဉာဏ် ဦးစီးသော စိတ်စေတနာက အရေးပါလှကြောင်း တွေ့ရပါတယ်၊ ဘာသာ ရေးနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ရာမှာ အသိဉာဏ် ဦးစီးသော စိတ်စေတနာများကသာ မေတ္တာ ဓာတ်ကို ဖော်ထုတ်ပေးနိုင်ပါတယ်၊ ဒီစိတ်စေတနာ မပါဘူးဆိုရင် ဘယ်လိုပဲ နည်းပေါင်းစုံနဲ့ ကြိုးပမ်း အားထုတ်ပါစေ လုံခြုံမှု၊ ငြိမ်းချမ်းမှု၊ ညီညွတ်မှုကို မရရှိနိုင်ပါ၊ အသိဉာဏ် ဦးစီးသော နှလုံးသား စိတ် စေတနာဖြင့် မိမိတို့ရဲ့ စိတ်ကို ဖြူစင် သန့်ရှင်းအောင် ဆေးကြောပြီး နောက်လိုက် လူတန်းစား အားလုံးရဲ့ ဘာသာဝင်များကိုလည်း စံနမူနာကောင်းများ ပြသလျက် သက်ဆိုင်ရာ ဘာသာ တရား အသီးသီး၏ စစ်မှန်သော မူရင်း ဒေသနာများကို သင်ကြားပြသ စည်းရုံး ဦးဆောင်ကြဖို့ တာဝန်ရှိပါ တယ်” ဟုလည်း ပြောခဲ့သည်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အကြံပြု ဆွေးနွေးပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

နိုင်ငံတာ်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အဖွင့် မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

နိုဝင်ဘာ ၂၁ မှ ၂၂ ရက်အထိ ကျင်းပမည့် အဆိုပါ အကြံပြု ဆွေးးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ ဒုတိယ သမ္မတများ၊ လွှတ်တော်နှစ်ရပ်မှ အကြီးအကဲများ၊ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓ သာသနာပြု တက္ကသိုလ်မှ ဌာနကြီးမှူးဆရာတော် ဒေါက်တာ ဘဒ္ဒန ္တဆေကိန္ဒနှင့် ဆရာတော်များ၊ ပြည်တွင်း ပြည်ပမှ သက်ဆိုင်ရာ ဘာသာရေး အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ သံတမန်များ၊ သက်ဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.