Social
ဘားကမ့်ရန်ကုန် ၂၀၁၉တွင် ရန်ကုန်ကို စိတ်ကူးပြန်ဖော်ခြင်း အစီအစဉ်၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ပါဝင်ဆွေးနွေး

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ MICT Park တွင် ဘားကမ့် ရန်ကုန် ၂၀၁၉ ရန်ကုန်အခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့ရာ ရန်ကုန်ကို စိတ်ကူးပြန်ဖော်ခြင်း (Reimagining Yangon) အစီအစဉ်၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲတွင် ဝန်ကြီးချုပ်နှင့် လူငယ်များက အကျင့်ပျက် ခြစားခြင်းကိစ္စ၊ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းခြင်းကိစ္စ၊ လျှပ်စစ်မီး၊ လမ်း၊ ရေကိစ္စ၊ အစိုးရဝန်ထမ်းကိစ္စ၊ ယာဉ်ကြောပိတ်ဆို့ခြင်း ကိစ္စနှင့် ဖွံ့ဖြိုးတိုးတက်မှုကိစ္စများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘားကမ့် ရန်ကုန် (BarCamp Yangon) ကို ၂၀၁၀ ခုနှစ်မှ စတင်ခဲ့ပြီး ယခုနှစ် ၂၀၁၉ခုနှစ်တွင် ၁၀နှစ်ပြည့် အထိမ်းအမှတ်အဖြစ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)