Social
မြစိမ်းရောင် ကျေးရွာစီမံကိန်း ကျေးရွာပေါင်း ၄၄၅၀တွင် အကောင် အထည်ဖော်ဆောင်ရွက်

ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)
မြစိမ်းရောင်ကျေး ရွာစီမံကိန်းကို ကျေးရွာပေါင်း ၄၄၅၀တွင် အကောင် အထည်ဖော် ဆောင်ရွက်နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေ သဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်က ပြောကြားသည်။
အဆိုပါ စီမံကိန်းကို၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင် ရွက်ခဲ့ရာ လက်ရှိအချိန်တွင် အချိန်တိုတိုတွင်း အောင်မြင်မှု ရရှိနေကြောင်း ဝန်ကြီးက ဆိုသည်။
အဆိုပါ မြစိမ်းရောင်ကျေးရွာ စီမံကိန်း၏ အောင်မြင်မှု၊ အားသာချက်၊ အားနည်းချက်များကို အခြားကျေး ရွာများ နှင့် နှိုင်းယှဉ်၍ လေ့လာ ဆန်းစစ် အကဲဖြတ် နိုင်ရန် ပြည်နယ်/ တိုင်းဒေသကြီး အားလုံးရှိ စီမံကိန်းဝင် ကျေးရွာ ၉၀၈ ရွာ နှင့် စီမံကိန်းမဟုတ် သောကျေးရွာ ၉၅ ရွာ၊ စုစုပေါင်း ကျေးရွာ ၁၀၀၃ ရွာ မှ အိမ်ထောင်စုပေါင်း ၁၀၀၃၀ ကို စစ်တမ်း ကောက်ယူသွားမည်ဖြစ်ပြီး ယင်းစစ်တမ်းသည် ၃ လ ကြာမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။ (Xinhua)