Connect with us

Social

မြန်မာနိုင်ငံသို့နယ်စပ် ဖြတ်ကျော် ယာဉ်တန်း ခရီးစဉ်များဖြင့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ တိုးတက် ဝင်ရောက် လျက်ရှိ

နယ်စပ် ဖြတ်ကျော် ယာဉ်တန်း ခရီးစဉ် တစ်ခုအား တွေ့ ရစဉ် (ဓာတ်ပုံ-ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန)

ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ နယ်စပ် ဝင်ပေါက် ထွက်ပေါက်များမှ တဆင့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား ဧည့်သည် များသည် နယ်စပ် ဖြတ်ကျော် ယာဉ်တန်း ခရီးစဉ်များဖြင့် တိုးတက် ဝင်ရောက်လျက် ရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။

ထိုကဲ့သို့ လာရောက် လည်ပတ်ရာတွင် အပြည်ပြည်ဆိုင် ရာလေကြောင်း၊ ရေကြောင်းလိုင်းများ သာမက နယ်စပ် ဝင်ပေါက် ၊ ထွက်ပေါက်များမှ တဆင့် မော်တော် ယာဉ်တန်း ၊ ဆိုင်ကယ် ယာဉ်တန်း ၊ စက်ဘီး ယာဉ်တန်း ခရီးစဉ်များ ၊ စက်တပ် ရွက်လှေခရီးစဉ်များ ၊ ဧရာဝတီ မြစ်ကြောင်း၊ ချင်းတွင်း မြစ်ကြောင်း ခရီးစဉ်များဖြင့် မြန်မာ နိုင်ငံအတွင်း လှည့်လည် လေ့လာ လည်ပတ် လျက်ရှိကြောင်း သိရသည်။

ထိုနယ်စပ် ဖြတ်ကျော် ယာဉ်တန်း ခရီးစဉ်များအား ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ခရီးသွား ကုမ္ပဏီများ၏ စီစဉ် ဆောင်ရွက် မှုများဖြင့် ဝင်ရောက် လာကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ကမ္ဘာ့လှည့်ခ ရီးသွား ဧည့်သည်များသည် ၎င်းတို့ ဝါသနာ ဖြစ်သည့် ကိုယ်ပိုင်ယာဉ်များကို ကိုယ်တိုင် မောင်းနှင်ကာ နိုင်ငံ ဖြတ်ကျော် ခရီးစဉ်များဖြင့် ခရီးသွား ရသည်ကို နှစ်ခြိုက်ကြသကဲ့သို့ နိုင်ငံ ဖြတ်ကျော် ခရီးစဉ်များမှ မြန်မာနိုင်ငံ အတွင်းရှိ သာယာ လှပသည့် ထူးခြားသော ရှုခင်းများ၊ သဘာဝ အလှအပများ၊ တိုင်းရင်းသား တို့၏ ယဉ်ကျေးမှုနှင့် ဓလေ့စရိုက်များ၊ အသက် မွေးဝမ်းကျောင်း ပုံစံများ ၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ၊ မြန်မာ လူမျိုးတို့၏ ယဉ်ကျေးပျူငှာ ဖော်ရွေမှုများ၊ ဧည့်ဝတ် ကျေပွန် မှုများကို ထိတွေ့ ခံစား လိုခြင်းကြောင့် ထိုကဲ့သို့လာရောက်ကြခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.