Connect with us

Social

သမချေးငွေ ငွေကျပ်၅ဝဝ ဘီလီယံခန့် ထုတ်ချေးမည်

ကျပ်၁၀,၀၀၀ တန်ငွေစက္ကူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန်၅ရက် (ဆင်ဟွာ)

တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိသမဝါယမ အသင်းသားပေါင်း နှစ်သန်းခွဲကျော်ကို ဇူလိုင်လတွင် ချေးငွေ ငွေကျပ် ၅ဝဝ ဘီလီယံခန့် ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ သမဝါယမ ဦးစီးဌာနသည် China EXIM Bank ထံမှ ချေးငွေများ ရယူရာတွင် နှစ်နိုင်ငံ စာချုပ်ပါ စည်းကမ်းချက်အရ နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးသီးနှံများ အနက် သီးနှံပေါ်မည့် ကာလနှင့် ချင့်ချိန်၍ ခြောက်လတစ်ကြိမ် ပြန်လည် ပေးဆပ်နိုင်သည့် စနစ်ဖြင့် အနီးစပ်ဆုံး ခန့်မှန်း ထုတ်ချေး ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းတွင် သမဝါယမ အသင်းသားများသို့ ပထမအကြိမ် ထုတ်ချေး ပေးထားခဲ့သည့် ချေးငွေ ငွေကျပ် ၄၆၃.၂၉၄ ဘီလီယံကျော် ရှိပြီး အဆိုပါ ချေးငွေများကို ယခုလအတွင်း ပြန်လည် ကောက်ခံ၍ ဇူလိုင်လအတွင်း ငွေကျပ် ၅ဝဝ ဘီလီယံခန့် ပြန်လည် ထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း သိရသည်။ အသင်းသားများ၏ စုဆောင်းငွေပမာဏ ပိုမိုများပြားလာသည့် အတွက် ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းက ပေးအပ်ခဲ့သည့် ချေး ငွေပမာဏထက် ပိုမိုများပြားစွာ ချေးပေးနိုင် မည်ဖြစ်ကြောင်း၊ ချေးငွေ ရယူသည့် အသင်းသားများ အနေဖြင့် တစ်ဦးချင်း ငွေချေးစာချုပ်ပါ စည်းကမ်းချက်များအား သဘောတူထားရှိပြီး ဖြစ်သဖြင့် စာချုပ်ပါ စည်းကမ်းအတိုင်း ခြောက်လလျှင် တစ်ကြိမ် ပေးချေကြ ကြောင်း မြဝတီသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.