Connect with us

Social

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနပိုင် ဈေးများ အဆင့်မြှင့် တင်ရန် လွှတ်တော်တွင် အတည်ပြုကြောင်း ကြေညာ

ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး ကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနပိုင် ဈေးများ အဆင့်မြှင့် တင်ရန် ဒုတိယအကြိမ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ လွှတ်တော်က အတည်ပြု ခဲ့သည်။

လှိုင်သာယာ မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်(ခ) ဦးဦး ဝင်းမောင် တင်သွင်းသော တိုင်းဒေသကြီး အတွင်းရှိ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တည်ဆောက်ခဲ့သော ဈေးများအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) ဈေးများဌာန၏ စီမံခန့်ခွဲမှု အောက်တွင် ထားရှိပြီး ဈေးအင်္ဂါရပ်နှင့် အညီ အဆင့်မြှင့်တင်ပေးပါရန် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုအား တင်သွင်းခဲ့သည်။
ယင်း အဆိုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ကိုယ်စား စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပြီး အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူခဲ့ရာ ထောက်ခံသူများသည့် အတွက် အတည်ပြု နိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.