Social
အမျိုးသမီးများ၏ ပါဝင်မှု အခန်းကဏ္ဍမြှင့်တင်ရေး အတွက် Women’s Week – Myanmar ဖိုရမ်ကျင်းပမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် အမျိုးသမီးများ၏ ပါဝင်မှု အခန်းကဏ္ဍမြှင့်တင်ရေးအတွက် ရည်ရွယ်သည့် Women’s Week – Myanmar ၏ ဖွင့်ပွဲ ဖိုရမ် “Creating Inclusive Growth’’ ကို နေပြည်တော်တွင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
Women’ Week – Myanmar ၏ ဖွင့်ပွဲ ဖိုရမ် “Creating Inclusive Growth” ကို ၂၀၁၇ ခုနှစ်၊ မတ်လ ၆ ရက် (တနင်္လာနေ့)နံနက် ၉း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီအထိနေပြည်တော်၊ Kempinski ဟိုတယ်၊ ကစ္စပနဒီ ခန်းမ တွင် ကျင်းပမည်ဖြစ်သည်။
ဖိုရမ်တွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှု ပန်းတိုင်များ (SDGs)၊ လူမှုအဖွဲ့အစည်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသမီးများ၏ အခွင့်အရေး၊ ကျားမခွဲခြားမှု ပပျောက်ရေး စသည့် အကြောင်းအရာများကို ဒေါက်တာအောင်ထွန်းသက်မှ ဦးဆောင်ကာ ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ခေါင်းဆောင်များက ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
ထိုဖိုရမ်သို့တက်ရောက်နိုင်ရန်အတွက် ဖေဖော်ဝါရီလ ၂၇ရက် ညနေ၄နာရီနောက်ဆုံးထား၍ https://docs.google.com/…/1FAIpQLSdPEXCWIPw6pNl01k…/viewform ဆိုသည့်လင့်တွင် စာရင်းပေးသွင်းနိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။ (Xinhua)