Connect with us

Social

သမ္မတ ဦးထင်ကျော် ဟားခါးမြို့နှင့် ထန်တလန်မြို့ ဒေသဖွံ့ဖြိုးရေးအခြေအနေများကို ကြည့်ရှုစစ်ဆေး

သမ္မတဦးထင်ကျော်အားတွေ့ရစဉ် (ဓာတ်ပုံ--နိုင်ငံတော်သမ္မတရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတ ဦးထင်ကျော် သည် တာဝန်ရှိသူများနှင့်အတူ ချင်းပြည်နယ်တွင် ၂၀၁၅ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျခဲ့သည့် ရုန်းတောင်အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း၊ ထို့အတူ ဟားခါးမြို့နှင့် ထန်တလန်မြို့ ဒေသဖွံ့ဖြိုးရေးအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ ပြီး ဒေသခံများ နှင့် တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်သည်။

ရုန်း တောင်ပြိုကျမှုကြောင့် တော်လှန်ရေးကန်နှင့် လူနေအိမ်များထိခိုက်ပျက်စီးမှု၊ ပြန်လည် ပြုပြင် ဆောင်ရွက်ပြီးစီးမှု၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ထိခိုက်မှုအနည်းဆုံး ဖြစ် စေရေးအတွက် စနစ်တကျ ကြိုတင်ပြင်ဆင်နေမှုနှင့် ရေရှည်လုံခြုံစိတ်ချနိုင်ရေးအတွက် ဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်များကို တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်သမ္မတက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် လုပ်ငန်းများအတွက် နိုင်ငံတော်က ဘဏ္ဍာရန်ပုံငွေ ခွင့်ပြုဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ယင်းဘဏ္ဍာရန်ပုံငွေများကို ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိထိရောက်ရောက် အသုံးပြုရန်လိုကြောင်းနှင့် ဒေသခံပြည်သူများအတွက် အမှန် တကယ် အကျိုးဖြစ်ထွန်းစေသည့် လုပ်ငန်းများဖြစ်ရန်လိုကြောင်း ပြောကြားပြီး ရုန်း တောင်မြေဆီလွှာ ကြံ့ခိုင်ရေးအတွက် ရှင်သန်ဖြစ်ထွန်းနိုင်သည့်အပင်များ စိုက်ပျိုးရန် မှာကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.