Social
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦး ဆေးရုံကဆင်း

ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နာယက သူရဦးတင်ဦးသည် ယနေ့ သြဂုတ်လ ၃၁ ရက်နေ့၌ ဆေးကုသမှုခံနေသော ရန်ကုန်အပြည်ပြည်ဆိုင်ရာဆေးရုံမှ ကျန်းမာစွာဖြင့် ဆေးရုံဆင်းပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
နာယကကြီးသည် ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်ရောဂါနှင့် ရန်ကုန်ပြည်သူ့ ဆေးရုံ၌ မေလ ၁၇ ရက်နေ့တွင် တက်ရောက်ဆေးကုသခံယူပြီး ၃လကျော်ကြာတွင် ဆေးရုံမှ ဆင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။(Xinhua)