Social
အိန္ဒိယနိုင်ငံရေတပ်မှ စစ်ရေယာဉ် ၃ ရက်ကြာ ချစ်ကြည်ရေး ခရီး လည်ပတ်ရန် ရောက်ရှိ

ရန်ကုန် ၊ ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံသို့အိန္ဒိယနိုင်ငံရေတပ်မှ စစ်ရေယာဉ် INS KUTHAR သည် ၃ ရက်ကြာ ချစ်ကြည်ရေး ခရီး လည်ပတ်ရန် ဇန်နဝါရီ ၂၅ ရက်တွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။
အိန္ဒိယစစ်ရေယာဉ်တွင် စစ်ရေယာဉ်မှူးဖြစ်သူ CDR KARTHIK MURTHY ဦးဆောင်၍ အရာရှိ ၁၈ ဦး၊ အခြားအဆင့် ၁၂၅ ဦး၊ စုစုပေါင်း ၁၄၃ ဦးလိုက်ပါလာပြီး မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၂၇ရက်အထိ နေထိုင်၍ လေ့လာ လည်ပတ် သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)