Connect with us

Social

ပြည်ပသို့ သစ်များ တရားမဝင်တင်ပို့သူကို စစ်ဆေးရာမှ ကွန်တိန်နာ ၁၁လုံးအတွင်း တရားမဝင်သစ် တင်ပို့မှုကို ထပ်မံဖမ်းမိ

ပြည်ပသို့ တရားမ၀င်ကျွန်းသစ်ခွဲသားများ ကုန်သေတ္တာအတွင်းထည့်၍ တင်ပို့မှုကို စစ်ဆေးတွေ့ရှိစဉ်(ဓာတ်ပုံ- Yangon Politice)

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

ပြည်ပသို့ တရားမဝင် ကျွန်းသစ်များ တင်ပို့သူကို ဖမ်းဆီးစစ်ဆေးရာမှ ကွန်တိန်နာ ၁၁လုံးအတွင်း၌ ထည့်ထားသော တရားမဝင် သစ်များထပ်မံဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

အလုံမြို့နယ်၊ ဧရာဝတီရပ်ကွက်၊ MIP ဆိပ်ကမ်းဝင်း၌ ကုန်သေတ္တာအတွင်း ဇန်နဝါရီ ၂၆ ရက်နေ့ နေ့လည် ၂နာရီကျော်က ပြည်ပသို့တင်ပို့မည့် ကွန်တိန်နာများကို စစ်ဆေးရာမှ ကွန်တိန်နာ ၁၁လုံးအတွင်း တရားမဝင် ပိတောက်သစ်များ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။“၂၄ရက်နေ့က ကွန်တိန်နာနှစ်လုံးနဲ့ ကျွန်းသစ်တွေတင်ပို့မယ့်လူလေးဦးကို ဖမ်းဆီးစစ်ဆေးတာကနေ ကွင်းဆက် အနေနဲ့ ဒီနေ့ ထပ်ဖမ်းမိတာ”ဟု ၎င်းက ဆိုသည်။

အဆိုပါ ကွန်တိန်နာနှစ်လုံး အတွင်း တရားမဝင်ကျွန်းသစ် ၃၃ တန်ခန့်အား ဖမ်းဆီးရမိမှုအပေါ် သတင်းကွင်းဆက် ထပ်မံဖော်ထုတ်၍ ကွန်တိန်နာ ခြောက်လုံးအားဖွင့်ဖောက်စစ်ဆေးရာ တရားမဝင် ပိတောက်သစ်များ ဖမ်းဆီးရမိခဲ့ပြီး ကွန်တိန်နာ ငါးလုံးအား ဆက်လက်ဖွင့်လှစ် စစ်ဆေးနေကြောင်း သိရသည်။

ဇန်နဝါရီ ၂၄ရက်နေ့က ဖမ်းဆီးရမိသော ပြည်ပသို့တင်ပို့ခွင့်လျှောက်ထားသူ၊ ပဲမျိုးစုံနှင့်သစ်ရောင်း ဝယ်ရေးကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ၊ ပြည်ပသို့တင်ပို့နိုင်ရန်အတွက် ဆိပ်ကမ်းလုပ်ငန်းများနှင့် အကောက်ခွန်လုပ်ငန်းများကို အဓိကပါဝင်လုပ်ဆောင်ပေးခဲ့သူ နှစ်ဦး စုစုပေါင်း လေးဦးကို အလုံမြို့နယ် သစ်တောဦးစီးအရာရှိမှ တရားလိုပြုလုပ်တိုင်တန်းချက်အရ အလုံမြို့မရဲစခန်း (ပ)၂၆/၂၀၁၇၊ သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး ဇန်နဝါရီ ၂၆ရက်နေ့တွင် ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး ဥပဒေအရ အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.