Connect with us

Sport

မြန်မာ့ဘောလုံးအသင်းများ နှင့် မွန်ဂိုလီးယားလက်ရွေးစင်ဘောလုံးအသင်းတို့ခြေစမ်းပွဲကစားမည်

ခြေစမ်းပွဲစဉ်များအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မြန်မာယူ-၂၁ အသင်းနှင့် မြန်မာယူ-၂၃ ဘောလုံးအသင်းများသည် နိုဝင်ဘာလ ၂၄ ရက်နေ့နှင့် ၂၆ ရက်နေ့များတွင် မွန်ဂိုလီးယားလက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲများကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း မှ နည်းပြချုပ် ဂတ်ဆီဇီ က “ဒီခြေစမ်းပွဲက ထိုင်းနိုင်ငံမှာ သွားကစားရမယ့် M150 Cup ပြိုင်ပွဲအတွက် ပြင်ဆင်မှု အနေနဲ့ ယှဉ်ပြိုင်ကစားတာပါ။ မွန်ဂိုလီးယားအသင်းက အာဆီယံ ဒေသတွင်း အသင်းမဟုတ်တာ ကြောင့် ကွဲပြားတဲ့ ကစားပုံတွေကို တွေ့မြင်ရမှာပါ။ ဒီကနေ ကျွန်တော်တို့ အတွေ့အကြုံ ကောင်းတွေ ရရှိပါလိမ့်မယ်။ ဒါ့ကြောင့် မွန်ဂိုလီးယားနဲ့ ကျွန်တော်တို့ကြားက ကမ္ဘာ့အဆင့် သတ်မှတ်ချက် ကွာခြားမှုက အရေးမကြီးပါဘူး။ ဒီပွဲမှာ ကစားသမားတွေ ဘယ်လောက် လုပ်ပြနိုင်မယ် ဆိုတာကို စောင့်ကြည့်သွားပါမယ်။’’ ပြောကြားခဲ့သည်။

မွန်ဂိုလီးယား လက်ရွေးစင် အသင်း ၏ နည်းပြချုပ် Michael Weiss (မိုက်ကယ်ဝိစ်) က “ပထမဆုံးအနေနဲ့ မြန်မာအသင်းတွေနဲ့ ခြေစမ်းပွဲကစားခွင့်ရလို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ကို ကျေးဇူးတင်ပါတယ်။ ဒီပွဲကနေ အတွေ့အကြုံတွေ၊ အကျိုးအမြတ်တွေရပြီး ကစားကွက်တွေ ဖလှယ်နိုင်ပါလိမ့်မယ်။ မြန်မာအသင်းနဲ့ ကစားမယ့် ပွဲစဉ်နှစ်ပွဲစလုံးက ပွဲကောင်းတွေဖြစ်လာမှာပါ။ ကျွန်တော်အနေနဲ့ မြန်မာအသင်းနဲ့ ဖိလစ်ပိုင် အသင်းကိုတာဝန်ယူတုန်းက ကစားခဲ့ဖူးပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက အခက်အခဲက ရာသီဥတုနဲ့ အပူချိန်ကွာခြားမှုပါ။ ဒီခြေစမ်းပွဲတွေက အင်ဒိုနီးရှား နိုင်ငံမှာ ကစားမယ့် ချာရတီ ပြိုင်ပွဲအတွက် ပြင်ဆင်တဲ့ အနေနဲ့ ကစားတာပါ’’ ဟုပြောကြားခဲ့သည်။

မွန်ဂိုလီးယား လက်ရွေးစင် အသင်းနှင့် ကစားမည့် ခြေစမ်းပွဲစဉ်များအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် သုဝဏ္ဏကွင်း အတွင်းရှိ သတင်းစာ ရှင်းလင်းပွဲ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.