Connect with us

Sport

ရန်ကုန်စည်ပင် နယ်နိမိတ် အတွင်းရှိ ကစားကွင်းများ အဆင့်မြှင့်တင်မည်၊ ကစားကွင်းသစ်များ ထပ်မံ ဖော်ထုတ်သွားမည်

ရန်ကုန်မြို့လယ်ကောင်ရှိ ဗန္ဓုလ ပန်း့ခြံ အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန် မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ ကစားကွင်းများကို ရာသီမရွေး ကစားနိုင်ရန် အဆင့်မြှင့်တင် သွားမည့်အပြင် ကစားကွင်း အသစ်များကိုလည်း ထပ်မံ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြေနေရာရှိသည့် မြို့နယ် ရပ်ကွက်များ၌ ကစားကွင်းအသစ်များ ထပ်မံ ဖော်ထုတ်မည့် အပြင် လက်ရှိအသုံး ပြုလျက်ရှိသည့် ကစားကွင်းများကိုလည်း အဆင့်မြှင့်တင် သွားမည်ဖြစ်ပြီး ရပ်ကွက် တစ်ရပ်ကွက်လျှင် ကစားကွင်းတစ်ကွင်း ထားရှိနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကစားကွင်းသစ်များ ဖော်ထုတ်ရာတွင် ကော်မတီ၏ စီမံခန့်ခွဲမှု ရှိသည့် မြေဖြစ်ရန် လိုအပ်ကြောင်း၊ လတ်တလောတွင် ကစား ကွင်းပေါင်း ၁၁၂ ကွင်းရှိပြီး ကစားကွင်း ပေါင်း ၁၀၂ ကွင်းကို အဆင့်မြှင့်တင်ပြီး ဖြစ်ကြောင်း၊ ကစားကွင်းသစ်များ အဖြစ် မင်္ဂလာဒုံ၊ လှိုင်သာယာနှင့် ရွှေပြည်သာ မြို့နယ်တို့၌ ၁၅ ကွင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။ ပန်းခြံ ၆၃ ခု ရှိပြီး အချို့ပန်းခြံများအား အဆင့်မြှင့်တင်ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)