Connect with us

Sport

အရှေ့တောင်အာရှ အသက် ၂ဝ အောက်(အမျိုးသား) ဘော်လီဘောပြိုင်ပွဲ မြန်မာ(ခ)အသင်း ကစားသမား စာရင်းထုတ်ပြန်

အရှေ့တောင်အာရှ အသက် ၂ဝ အောက် (အမျိုးသား)ဘော်လီဘောပြိုင်ပွဲအတွက် မြန်မာ (ခ)အသင်းလူစာရင်းထုတ်ပြန်စဉ် (ဓာတ်ပုံ--မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်)

ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အကြိမ် (၂ဝ)မြောက် အရှေ့တောင်အာရှ အသက် ၂ဝ အောက် (အမျိုးသား)ဘော်လီဘောပြိုင်ပွဲအတွက် မြန်မာ (ခ)အသင်း၏ အပြီးသတ်ကစားသမားစာရင်းကို မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည်။

အကြိမ် (၂ဝ)မြောက် အရှေ့တောင်အာရှ အသက် ၂ဝ အောက် (အမျိုးသား)ဘော်လီဘောပြိုင်ပွဲကို ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁၂) ရက်နေ့ မှ (၁၆) ရက်နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (ဘီ) တွင်

ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘော်လီဘော အဖွဲ့ချုပ်သည် ယခုပြိုင်ပွဲတွင် မြန်မာ(က)အသင်းနှင့် (ခ)အသင်းဟူ၍ အသင်း နှစ်သင်း ပါဝင်ယှဉ်ပြိုင် မည်ဖြစ်သည်။

ယခုထုတ်ပြန်လိုက်သော ကစားသမား စာရင်းတွင် ကစားသမား ၁၂ ဦးနှင့် အုပ်ချုပ်သူနှင့် နည်းပြ သုံးဦးပါဝင် သည်။ ပြိုင်ပွဲကို ဇူလိုင် ၁၂ ရက်မှ ၁၆ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (ဘီ)၌ ကျင်းပမည် ဖြစ်ပြီး မြန်မာ(က)နှင့် (ခ)အသင်းအပါအဝင် ထိုင်းနှင့် မလေးရှားအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ(ခ)အသင်းတွင် ဦးသိန်းဆွေ (အုပ်ချုပ်သူ)၊ ဦးလွှမ်းမိုး (နည်းပြချုပ်)နှင့် ဦးဝင်းမင်းထွန်း (လက် ထောက် နည်းပြ)တို့ပါဝင်ပြီး ကစားသမားများအဖြစ် မင်းခန့်အောင်၊ ဇင်ထွဋ်အောင်၊ စောရိန်ဘိုး၊ စိုင်းမွန် မြတ်ထူး၊ ဇေယျာဝင်း၊ အောင်ကျော်ဇော၊ အောင်ကျော်ဌေး၊ မောင်မောင်မြင့်ကြွယ်၊ ဖြိုးမင်းသာ၊ ကောင်းမြတ်သူ၊ မင်း သက်ဝေနှင့် နေထက်ကိုတို့ ပါဝင်ကြောင်း မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ် ၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.