Connect with us

Sport

အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် အုပ်စု(ခ) ဒုတိယနေရာဖြင့် မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်း ဆီမီးဖိုင်နယ် တက်ရောက်

မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲအုပ်စု(ခ) ဒုတိယနေရာ ဖြင့် မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်း ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

၂၀၁၈ အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) နောက်ဆုံးပွဲစဉ်အဖြစ်

မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ဇူလိုင်လ ၉ရက်နေ့ ညနေ ၆နာရီ ၃၀မိနစ်အချိန် က

အင်ဒိုနီးရှားနိုင်ငံ Palembang မြို့၊ Gelora Stadium တွင် ယှဉ်ပြိုင်ကစားခဲ့ကြပြီး

ဗီယက်နမ်အသင်းက မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို (၄-၃) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါပွဲစဉ်သည် အုပ်စု ပထမနေရာအတွက် ယှဉ်ပြိုင်ကစားသည့်ပွဲစဉ်ဖြစ်ပြီး

အနိုင်ရရှိခဲ့သည့် ဗီယက်နမ်အမျိုးသမီးအသင်းသည်အုပ်စု (က) ဒုတိယနေရာ မှ သြစတြေးလျ အသင်း၊

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အုပ်စု (က) ပထမ နေရာမှ

ထိုင်းလက်ရွေးစင်အမျိုးသမီးအသင်း နှင့်ဆီမီးဖိုင်နယ်တွင်တွေ့ဆုံ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအတွက် သွင်းဂိုးများကို တိုက်စစ်မှူးဝင်းသိဂီၤထွန်းမှာ ၇၈မိနစ်

နှင့် ၈၇မိနစ်တွင်လည်းကောင်း၊အသင်းခေါင်းဆောင် ခင်မာလာထွန်းက ပွဲချိန် မိနစ် ၉၀ပြည့်အပြီး

နာကျင်အချိန်ပို ၃မိနစ်တွင်လည်းကောင်း အသီးသီး သွင်းယူပေးခဲ့သည်။

ပွဲအပြီး နည်းပြချုပ် ဦးဝင်းသူမိုးက “ပထမပိုင်းမှာ အချိတ်အဆက်လွဲပြီး အသင်းရဲ့ ကစားပုံတည်မရဖြစ်နေခဲ့ပြီး ဦးဆောင်ဂိုးခွင့်ပြုပေးခဲ့ရပါတယ်။ဒုတိယပိုင်းမှာ နောက်တန်းအမှားတွေက တဆင့် ဂိုးတွေ ခွင့်ပြုပေးလိုက်ရတယ်။ အသင်းက ဒီနေ့ပွဲကို နိုင်လိုစိတ်များပြီးဖိအားတွေရှိနေခဲ့ပါတယ်။ ဗီယက်နမ်အသင်းရဲ့ ကစားပုံကလည်း ဒီနေ့ပွဲမှာ တည်ငြိမ်ပြီး ကောင်းမွန်ပါတယ်။ထိုင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို အကောင်းဆုံး ပြင်ဆင်သွားပါမယ်။’’ ဟုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.