Connect with us

Sport

အိန္ဒိယ နိုင်ငံတွင် ကျင်းပသည့် လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင်ချန်ပီယံဆု ရယူနိုင်ခဲ့သည့် အောင်ပွဲရ မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းယနေ့ပြန်လည်ရောက်ရှိ

မြန်မာအမျိုးသမီးဘောလုံးအသင်းယှဉ်ပြိုင်ကစားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် နီပေါအသင်းအား ၃-၁ ဂိုးဖြင့် အနိုင်ယူပြီး ချန်ပီယံဆု ရယူနိုင်ခဲ့သည့် အောင်ပွဲရ မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၁၇ ရက်၊ ယနေ့ မွန်းလွဲ ၁၂း၀၀ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၉ရက်မှ ၁၅ရက်အထိ အိန္ဒိယနိုင်ငံတွင် ကျင်းပခဲ့သော

2019 Hero Gold Cup လေးနိုင်ငံ( မြန်မာ၊နီပေါ၊အိန္ဒိယ၊အီရန်)ဖိတ်ခေါ် အမျိုးသမီးဘောလုံးပြိုင်ပွဲ၌ ချန်ပီယံဆုဖလားရရှိခဲ့ခြင်းဖြစ်သည်။

ရွှေတံဆိပ်ဆုရှင် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာ့ဘောလုံးအသိုင်းအဝန်းမှ သွားရောက် ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။

မြန်မာအမျိုးသမီးအသင်းကဆုဖလားနှင့် အတူ ငွေသားဆု ရူပီး(၇၀၀,၀၀၀)(ရူပီးခုနစ်သိန်း) ချက်လက်မှတ် အပြင်တစ်ဦးချင်းဆုတံဆိပ်များကိုလည်းရရှိခဲ့ကြောင်း၊ အသန့်ရှင်းဆုံးဆု (Fair Play Award) ရူပီး(၃၀၀,၀၀၀)(ရူပီးသုံးသိန်း) ချက်လက်မှတ်ကိုလည်း ရရှိခဲ့ကြောင်း သိရသည်။

အကောင်းဆုံးဘောလုံးသမားဆု(Hero Most Valuable Player) ကို ဝင်းသိဂီ ၤထွန်းက ရရှိပြီး ရူပီး(၁၅၀,၀၀၀)(ရူပီးတစ်သိန်းခွဲ) ချက်လက်မှတ် ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အကောင်းဆုံးဂိုးသမားဆု(Best Goalkeeper Award)ကို ဇာဇာမြင့်ကရရှိပြီး ရူပီး(၁၀၀၀၀၀)(ရူပီးတစ်သိန်း) ချက်လက်မှတ်ရရှိခဲ့ကာ

ပြိုင်ပွဲတစ်လျှောက်လုံး ဂိုးအများဆုံးသွင်းယူသူဆု (Top Goal Scorer Award) ကို (၄)ဂိုးစီသွင်းယူခဲ့ကြသောမြန်မာအသင်းမှ ရီရီဦးနှင့် နီပေါအသင်းမှ Sabitra (စဘီတြာ) တို့ ပူးတွဲရရှိကာ ရူပီး(၁၀၀,၀၀၀)(ရူပီးတစ်သိန်း)ကို ထက်ဝက်စီ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.