Connect with us

Sport

၂၀၁၉ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ် ဘောလုံး ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် ယူ-၂၂ ဘောလုံးအသင်းလူစာရင်း ထုတ်ပြန်

မြန်မာ့လက်ရွေးစင် ယူ-၂၂ ဘောလုံးအသင်းလူစာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

၂၀၁၉ အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲအတွက် မြန်မာလက်ရွေးစင် ယူ-၂၂ ဘောလုံး အသင်းလူစာရင်းအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ယနေ့ ထုတ်ပြန်လိုက်သည်။

မြန်မာလက်ရွေးစင် ယူ-၂၂ အသင်း နည်းပြချုပ် မစ္စတာ ဗယ်လစ်ဇာ ပိုပေါ့ဗ် က “နောက်ဆုံး လူစာရင်းမှာ ကစားသမား တချို့ကို ဒဏ်ရာပြဿနာကြောင့် ချန်လှပ်ခဲ့ရပါတယ်။ ရန်ကုန်ယူနိုက်တက် အသင်းရဲ့ ကစားသမားတွေကိုတော့ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲကြောင့် အသင်းနဲ့ ပူးတွဲလေ့ကျင့်ချိန် မရှိခဲ့လို့ ထားခဲ့ရတာပါ။ ဂိုးသမားဆိုတာက အသင်းနဲ့ အလျင်အမြန် အသားကျနိုင်တာကြောင့် ဆန်းဆက်နိုင်ကိုတော့ ရွေးချယ်ခဲ့ပါတယ်။MFF U-19 အသင်းက ကစားသမားလေး နှစ်ယောက်ကတော့ ငယ်ရွယ်လွန်းပေမယ့် အသင်းနဲ့ ပူးတွဲလေ့ကျင့်ချိန်မှာ အကောင်းဆုံး လိုက်လုပ်နိုင်ခဲ့ကြပါတယ်။ ဒီအတွေ့အကြုံတွေကြောင့် နောက်ဆိုရင် ပိုကောင်းလာနိုင်ပါတယ်” ဟု ပြောသည်။

မြန်မာလက်ရွေးစင်ယူ-၂၂ အသင်းအနေဖြင့် ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းတွင် အာဆီယံယူ-၂၂ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲဝင်ရန် ကမ္ဘောဒီးယား နိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး ယင်းနေ့နံနက်ပိုင်းအထိ လေ့ကျင့်ခန်း အစီအစဉ်များကို ပြုလုပ်ဦးမည် ဖြစ်သည်။

မြန်မာလက်ရွေးစင် ယူ-၂၂ အသင်းသည် ၂၀၁၉ အာဆီယံယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်များအဖြစ် ဖေဖော်ဝါရီ ၁၈ ရက်၊ မွန်းလွဲ ၃း၀၀ နာရီတွင် အင်ဒိုနီးရှား အသင်းနှင့် လည်းကောင်း၊ ဖေဖော်ဝါရီလ ၂၀ ရက် ညနေ ၆း၀၀ နာရီတွင် အိမ်ရှင် ကမ္ဘောဒီးယား အသင်းနှင့် လည်းကောင်း၊ ဖေဖော်ဝါရီလ ၂၂ ရက် မွန်းလွဲ ၃း၀၀ နာရီတွင် မလေးရှား အသင်းနှင့် လည်းကောင်း ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ ထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.