Connect with us

Sport

၂၀၁၈ အာရှ တာဝေး စက်ဘီး ပြိုပ်ပွဲ ခြောက်နိုင်ငံပါဝင်ယှဉ်ပြိုင်


နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ်၊ အာရှ တာဝေး စက်ဘီးပြိုင်ပွဲနှင့် မသန်စွမ်းစက်ဘီးပြိုင်ပွဲကို နေပြည်တော်တွင် ယနေ့ စတင် ကျင်းပခဲ့ရာ နံနက်ပိုင်း တာဝေး စက်ဘီးပြိုင်ပွဲ၌ နိုင်ငံ ခြောက်နိုင်ငံမှ စက်ဘီးအသင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ဖေဖော်ဝါရီ ၈ ရက်မှ ၁၂ ရက်နေ့အထိ ပြုလုပ်မည့် အဆိုပါ ပြိုင်ပွဲ အစီအစဉ်များအတွက် ဖွင့်ပွဲအခမ်း အနားကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ယနေ့နံနက် ၇ း ၀၀ နာရီတွင် ကျင်းပခဲ့ပြီး တာဝေး စက်ဘီး ပြိုင်ပွဲကို နံနက် ၈ း ၀၀ နာရီတွင် စတင်ခဲ့ရာ မြန်မာ၊ မွန်ဂို၊ အီရန်၊ ဟောင်ကောင်(တရုတ်)၊ ဂျပန် နှင့် ကာဇက်စတန်နိုင်ငံ တို့မှ စက်ဘီး အသင်းများ ပါဝင် ဆင်နွှဲခဲ့ကြသည်။

၂၀၁၈ အာရှ တာဝေး စက်ဘီး ပြိုပ်ပွဲ အား နေပြည်တော်၌ကျင်းပနေစဉ် (ဆင်ဟွာ)

၇၂ ကီလိုမီတာ ရှိသော တာဝေး အမျိုးသား အသင်းလိုက် စက်ဘီးပြိုင်လမ်းမှာ ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း – ပျဉ်းမနား -တောင်ညိုလမ်း- သပြေကုန်းအဝိုင်း – ရာဇသင်္ဂဟလမ်း – ပျဉ်းမနား – တပ်ကုန်း အမှတ်(၁) လမ်း များအတိုင်း ဗုဒ္ဓဂယာသို့၊ ၎င်းမှ ချင်းရွာ – အင်ကြင်းအဝိုင်း- ရာဇဌာနီ လမ်းအတိုင်း ပြန်လာပြီး ဝဏ္ဏသိဒ္ဓိ ရပ်ကွက်မှ – ဘူးကွဲအရပ်သို့- ၎င်းမှ ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်းအထိ ဖြစ်ပြီး ပြိုင်ပွဲတွင် ဂျပန်နိုင်ငံအသင်းက ကြာမြင့်ချိန် တစ်နာရီ၊ ၂၃ မိနစ်ဖြင့် ပထမ၊ အီရန်အသင်းက တစ်နာရီ ၂၃ မိနစ် ၄၂ စက္ကန့်ဖြင့် ဒုတိယ၊ ဟောင်ကောင် အသင်းက တစ်နာရီ ၂၄ မိနစ် ၁၄ စက္ကန့်ဖြင့် တတိယ အသီးသီး ရရှိခဲ့ကြသည်။ မွန်ဂု်အသင်းနှင့် မြန်မာအသင်းတို့က ပဉ္စမနှင့် ဆဌမအဆင့် ဝင်ခဲ့ကြသည်။

၂၀၁၈ အာရှ တာဝေး စက်ဘီး ပြိုပ်ပွဲ အား နေပြည်တော်၌ကျင်းပနေစဉ် (ဆင်ဟွာ)

၂၀၁၈ အာရှ တာဝေး စက်ဘီး ပြိုပ်ပွဲ အား နေပြည်တော်၌ကျင်းပနေစဉ် (ဆင်ဟွာ)

၂၀၁၈ အာရှ တာဝေး စက်ဘီး ပြိုပ်ပွဲ အား နေပြည်တော်၌ကျင်းပနေစဉ် (ဆင်ဟွာ)

၂၀၁၈ အာရှ တာဝေး စက်ဘီး ပြိုပ်ပွဲ အား နေပြည်တော်၌ကျင်းပနေစဉ် (ဆင်ဟွာ)

နေ့လယ်ပိုင်းတွင် ၂၂ ကီလိုမီတာ အမျိုးသား တစ်ဦးချင်း စံချိန်ပြု ပြိုင်ပွဲနှင့် ၁၁ ကီလိုမီတာ အမျိုးသမီး တစ်ဦးချင်းစံချိန်ပြု ပြိုင်ပွဲများကို ဆက်လက် ကျင်းပသွားမည် ဟု သိရသည်။နံနက်ပိုင်း ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အာရှ စက်ဘီးအဖွဲ့ချုပ် အတွင်းရေးမှူး Mr. OnkarSingh နှင့် အာရှ စက်ဘီးအဖွဲ့ချုပ်ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းတို့ တက်ရောက်ခဲ့ကြပြီး အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။

အမျိုးသား အသင်းလိုက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့သော အသင်းများကို ဆုချီးမြှင့် ရာတွင် ပထမဆုရ ဂျပန်အသင်းကို အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က လည်းကောင်း၊ ဒုတိယ ဆုရ အီရန်အသင်းကို အာရှ စက်ဘီးအဖွဲ့ချုပ် အတွင်းရေးမှူး Mr. OnkarSingh ကလည်းကောင်း၊ တတိယ ဆုရ ဟောင်ကောင်အသင်းကို အာရှ စက်ဘီးအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ၊ မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း ကလည်းကောင်း အသီးသီး ဆုများ ချီးမြှင့်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.