Connect with us

Sport

၂၀၂၁ ခုနှစ်တွင်  ကျင်းပမည့် အာရှလူငယ်  အမျိုးသမီးဘောလုံးခြေစစ်ပွဲနှစ်ခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် ကြိုးပမ်း လျက်ရှိ

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) 

၂၀၂၁ ခုနှစ်တွင်  ကျင်းပမည့် အာရှလူငယ်  အမျိုးသမီးဘောလုံးခြေစစ်ပွဲနှစ်ခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် ကြိုးပမ်း လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဆင်ဟွာကို ဇွန် ၂၆ ရက်တွင်ပြောသည်။ 

အာရှဘောလုံးအဖွဲ့ချုပ်သည်   ၂၀၂၂  အာရှ ယူ-၂၀ အမျိုးသမီးပြိုင်ပွဲနှင့် အာရှ ယူ-၁၇ အမျိုးသမီးပြိုင်ပွဲ၏ ခြေစစ်ပွဲများကို ၂၀၂၁ ခုနှစ်တွင် စတင်ကျင်းပ မည်ဖြစ်ပြီး အိမ်ရှင်နိုင်ငံရွေးချယ်မှုနှင့်အတူ ခြေစစ်ပွဲကျင်းပမည့်ကာလများကို အတည်ပြုထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ဦးကိုကိုသိန်းက “မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ပြိုင်ပွဲနှစ်ခုလုံးရဲ့  ပထမအဆင့် ခြေစစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရဖို့  စတင်လျှောက်ထား တာဖြစ်တယ်။ မြန်မာအသင်းတွေ တက်ရောက်တဲ့ အဆင့်အပေါ် မူတည်ပြီး အိမ်ရှင်အဖြစ်ကျင်းပခွင့်ရဖို့ ထပ်ပြီးလျှောက်ထားသွားမှာပါ’’ ဟုပြောသည်။  

မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၁၉ အာရှ ယူ-၁၉/ယူ-၂၀ အမျိုးသမီး ခြေစစ်ပွဲနှင့် ၂၀၁၉ အာရှ ယူ-၁၆/ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲများကို အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့ကြောင်းသိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.