Sport
စင်ကာပူ၊ လက်ဘနွန်အသင်းတို့ နှင့် ယှဉ်ပြိုင်ကစားမည့် မြန်မာလက်ရွေးစင်အသင်း အပြီးသတ်လူစာရင်း ထုတ်ပြန်

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)
မြန်မာ့လက်ရွေးစင် အသင်း၏ မတ်လ ၂၄ ရက်နေ့တွင် စင်ကာပူလက်ရွေးစင် အသင်း၊ မတ်လ ၂၉ ရက်နေ့တွင် လက်ဘနွန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် အပြီးသတ်(၂၅)ဦးစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
မြန်မာ့လက်ရွေးစင် အသင်းသည် မတ်လ ၂၁ ရက်နေ့တွင် စင်ကာပူနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ပြီး မတ်လ ၂၄ ရက်နေ့တွင် စင်ကာပူလက်ရွေးစင် အသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ ထိုမှတစ်ဆင့် လက်ဘနွန်နိုင်ငံသို့ သွားရောက်ကာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲစဉ်အဖြစ် လက်ဘနွန်လက်ရွေးစင် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲ တွင်ပါရှိသည်။ (Xinhua)