Connect with us

Sport

၁၈ ကြိမ်မြောက် တရုတ်နဂါး အက အလှ နှင့် ခြင်္သေ့အက စွမ်းရည်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အဖွဲ့၂၀ ခန့်ပါဝင် ယှဉ်ပြိုင် ကပြ

ရန်ကုန်မြို့လယ်တွင် ကျင်းပသော ခြင်္သေ့ အက အလှ စွမ်းရည်ပြိုင်ပွဲ တစ်ခု အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

(၁၈) ကြိမ်မြောက် တရုတ်နဂါး အက အလှနှင့် ခြင်္သေ့အက စွမ်းရည် ပြိုင်ပွဲကို တရုတ်နဂါး အကအလှနှင့် ခြင်္သေ့အက အဖွဲ့ ၂၀ ခန့် ပါဝင် ယှဉ်ပြိုင်၍ ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ ဖူစန်း တရုတ် ဘုရားကျောင်း (ကုက္ကိုင်း ဘုရားကျောင်း) ၌ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုပြိုင်ပွဲကို ရွေသံလွင် ကုမ္ပဏီမှ ပြုလုပ်ခြင်း ဖြစ်ပြီး ပြိုင်ပွဲတွင် တရုတ်နဂါး အလှအက အဖွဲ့ ၅ ဖွဲ့နှင့် ခြင်္သေ့အက အဖွဲ့ ၁၅ ဖွဲ့တို့ ပါဝင် ယှဉ်ပြိုင် ကပြသွားမည် ဖြစ်ကြောင်း သိရသည်။

(၁၈) ကြိမ်မြောက် တရုတ်နဂါး အလှအကနှင့် ခြင်္သေ့အက စွမ်းရည် ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ ယဉ်ကျေးမှု သံမှူး မစ္စတာ ထျန်ဆန့်ထိန်နှင့် ဘုံကျောင်း အမှုဆောင် အဖွဲ့ဝင်များ ၊ ရွှေသံလွင် ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူများ အပါအဝင် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

ယခုပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင် ကပြမည့် အဖွဲ့များမှာ နဂါးအလှ အဖွဲ့တွင် အော်စွမ်း ၊ တာမွေ၊ တောင်ဥက္ကလာ ၊ ကမာရွတ်နှင့် ပုလဲအဖွဲ့ တို့ပါဝင်ပြီး ခြင်္သေ့အက အဖွဲ့တွင် Dragon Tiger ၊ Lucky Lion ၊ Myanmar Hong Teek ၊ မအူပင် (ဟိုစိန်) ၊ Triangle Lion ၊ Long de Chung Ren ၊ ရိလုံ ၊ မိုးနဂါး၊ Myanmar Taw Win(KSK) ၊ E.L.S ၊ H.B.S ၊ ပုလဲနက် ၊ အလင်းရောင်နဂါး ၊ ကျိုက်ထိုဟိုစိန် စသည့် အဖွဲ့များ ပါဝင် ယှဉ်ပြိုင် ကပြသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.