Sport
ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ မြို့ကြီးများတွင် ၅ ကီလိုမီတာ အပြေး ပြိုင်ပွဲများ ကျင်းပမည်

ရန်ကုန် ၊ ဇန်နဝါရီ ၂၂ ရက်(ဆင်ဟွာ)
ပြည်ထောင်စုနေ့ အထိမ်းအမှတ် Myanmar Union Day Peace Run ပြိုင်ပွဲ အဖြစ် ၅ ကီလိုမီတာ အပြေး ပြိုင်ပွဲများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ကြီးများတွင် ကျင်းပသွားမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာန ၊ အားကစားနှင့် ကာယ ပညာ ဦးစီးဌာန၏ ကြေညာမှု အရ သိရသည်။
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူများအားလုံး ပါဝင် ဆင်နွှဲနိုင်ရန် ရည်ရွယ်၍ အပြေးပြိုင်ပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရုံးစိုက်ရာ မြို့ကြီးများတွင် ဖေဖော်ဝါရီ ၁၂ ရက် ၊ နံနက် ၆နာရီတွင် တစ်ပြိုင်တည်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲမှာ (၅)ကီလိုမီတာဖြစ်ပြီး ပန်းဝင်ဦးရေ (၅၀)အထိ ဆုများချီးမြှင့် မည်ဖြစ်ပြီး ပန်းဝင်သူအားလုံးကို အမှတ်တရ လက်ဆောင်များ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
စိတ်ဝင်စားသူ မိဘပြည်သူများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီး ဌာနတွင် ဇန်နဝါရီ ၂၈ ရက်မှ စတင်၍ ပြိုင်ပွဲဝင် ပုံစံအား စာရင်းပေးသွင်း ဖြည့်စွက်၍ ဝင်ရောက် ယှဉ်ပြိုင် နိုင်ကြောင်း အသိပေး အကြောင်းကြားခဲ့သည်။ (Xinhua)