Connect with us

Sport

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ကျင်းပသည့် နိုင်ငံတကာအလေးမပြိုင်ပွဲတွင် မြန်မာကြေးသုံးခုရရှိ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ကျင်းပသည့် နိုင်ငံတကာအလေးမပြိုင်ပွဲတွင်ဆုရရှိခဲ့သည့် မြန်မာအားကစားသမားများအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီ ၂ ရက်မှ ၆ ရက်အထိ ကျင်းပလျက်ရှိသည့် နိုင်ငံတကာအလေးမပြိုင်ပွဲ (2nd EGAT’s King Cup Senior International Weightlifting Championship 2019) တွင် မြန်မာအားကစားသမားများ ကြေးတံဆိပ်သုံးခုဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် အမျိုးသား ၈၁ ကီလိုတန်း အမြန်မ ၁၂၈ ကီလိုနှစ်ဆင့်မ ၁၅၈ ကီလို စုစုပေါင်း ၂၈၆ ကီလိုဖြင့် မြန်မာမှ ရဲရင့်နိုင်က တတိယ၊ ထိုင်းမှ ၂၉၄ ကီလိုဖြင့် ဒုတိယ၊ ထိုင်းမှ ၃၀၂ ကီလိုဖြင့် ပထမဖြင့် လည်းကောင်း၊ အမျိုးသမီး ၅၅ ကီလိုတန်းတွင် အေးမြတ်မွန်က ၇၆ ကီလို၊ နှစ်ဆင့်မကီလို ၉၀ စုစုပေါင်း ၁၆၆ ကီလိုဖြင့် တတိယ၊ ထိုင်းမှ ၁၆၉ ကီလိုဖြင့် ဒုတိယ၊ ထိုင်းမှ ၁၇၇ ကီလိုဖြင့် ပထမဖြင့် လည်းကောင်း၊ အမျိုးသမီး ၅၉ ကီလိုတန်းတွင် သင်းသင်းစုက အမြန်မ ၇၅ ကီလို နှစ်ဆင့်မ ၁၀၁ ကီလို စုစုပေါင်း ၁၇၆ ကီလိုဖြင့် တတိယ၊ ထိုင်းမှ ၁၈၉ ကီလိုဖြင့် ဒုတိယ၊ ထိုင်းမှ ၁၉၃ ကီလိုဖြင့် ပထမဆွတ်ခူးရရှိသွားကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင်မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ လာအို၊ ကိုရီးယား၊ ဟောင်ကောင်တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.