Sport
၂၀၁၆ ခုနှစ် နွေရာသီ ကမ္ဘာ့အိုလံပစ် ပြိုင်ပွဲသို့မြန်မာနိုင်ငံမှ အားကစားနည်း ၅ မျိုး ဝင်ရောက် ယှဉ်ပြိုင်မည်

ရန်ကုန် ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ ၊ ရီယိုဒီဂျနေရို မြို့၌ ကျင်းပမည့် ၂၀၁၆ ခုနှစ် နွေရာသီ ကမ္ဘာ့အိုလံပစ် ပြိုင်ပွဲသို့မြန်မာနိုင်ငံမှ အားကစားနည်း ၅ မျိုး ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။
ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရေကူး ၊ ပြေးခုန်ပစ် ၊ သေနတ်ပစ် ၊ ဂျူဒို နှင့် မြှားပစ် အားကစားနည်း ၅ မျိုးအား ကစားသမား ၇ ဦး ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခုအချိန်တွင် ပြိုင်ပွဲသို့ဝင်ရောက်မည့် ကစားသမားများအား စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး ပြိုင်ပွဲသို့မြန်မာနိုင်ငံမှ သြဂုတ်လ ၁ ရက်တွင် စတင် ထွက်ခွာ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
၂၀၁၆ ခုနှစ် နွေရာသီ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲအား ဘရာဇီးနိုင်ငံ ၊ ရီယိုဒီဂျနေရိုမြို ့၌ သြဂုတ်လ ၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ အားကစား အမျိုးအစားပေါင်း ၂၈ မျိုးအတွက် ပြိုင်ပွဲ အရပ်ရပ် ပွဲစဉ်ပေါင်း ၃၀၆ ပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)