Connect with us

Sport

ဘောလုံး ပြိုင်ပွဲစဉ်များတွင် မသမာမှုများနှင့် လုပ်ပွဲ ကစားမူမျိုးကို ကော်မတီဖြင့် စစ်ဆေး၍ ပြင်းထန်စွာ အရေးယူ အပြစ်ပေးသွားမည်

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အမှတ်တံဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-MFF)

ရန်ကုန် ၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

နိုင်ငံ ဂုဏ်သိက္ခာနှင့် ဘောလုံး လောက အဆင့်အတန်း တို့အား ထိခိုက် နစ်နာ စေမည့် သံသယ ဖြစ်ဖွယ်ရှိသည့် မည်သည့် မသမာမှုနှင့် လုပ်ပွဲ ပွဲစဉ်မျိုးမဆို အထူး စုံစမ်း စစ်ဆေးရေး ကော်မတီဖြင့် စနစ်တကျ စုံစမ်း၍ ထိရောက် ပြင်းထန်စွာ အရေးယူ အပြစ်ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) မှ သတင်း ထုတ်ပြန်ခဲ့သည်။

အထူး စုံစမ်း စစ်ဆေးရေး ကော်မတီအား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် FEFA ၊ AFC နှင့်အခြား သက်ဆိုင်ရာ အဖွဲ့အစည်းများ ၊ ပြည်တွင်းပြည်ပမှ ကျွမ်းကျင်သူများ ၊ တာဝန်ရှိသူ များ ပါဝင်၍ အမြန်ဆုံး ဖွဲ့စည်းသွားမည် ဖြစ်ပြီး မသမာမှုများနှင့် သံသယဖြစ်ဖွယ်များ တွေ့ရှိပါက သတင်း အချက်အလက်များ ၊ သက်သေများအား စုံစမ်း စစ်ဆေးရေး ကော်မတီ သို့ လည်းကောင်း၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သို့ လည်းကောင်း ပေးပို့ ကူညီ ပေးကြပါရန်နှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါရန် ဖိတ်ခေါ်ထားသည်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် မည်သည့် မသမာမှုနှင့် လုပ်ပွဲ ကစားခြင်းမျိုးကိုမဆို လုံးဝ လက်ခံမည် မဟုတ်ကြောင်း ၊ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FEFA) နှင့် အာရှဘောလုံး အဖွဲ့ချုပ် (AFC) တို့၏ အဖွဲ့ဝင် နိုင်ငံ ဖြစ်သည့်နှင့်အညီ ယင်းတို့၏ မူဝါဒများ အတိုင်း လုပ်ပွဲ (Match Fixing) လုံးဝမရှိစေရေး အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ၊ လှုပ်ရှားမှုများ ပါဝင်ဆောင်ရွက်ခြင်း တို့ကို ပြီးခဲ့သည့် နှစ် MNL ပွဲစဉ်များတွင် ထည့်သွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.