Connect with us

Sport

စက်ဘီး အားကစားနည်း ပြည်သူလူထု စိတ်ပါဝင်စား လာစေရန် ရန်ကုန်မြို့၌ လစဉ် လူထု စက်ဘီး စီးနင်း ပြိုင်ပွဲ ကျင်းပ ပြုလုပ်မည်

စက်ဘီးစီး ပွဲစဉ်တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန)

ရန်ကုန် ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

စက်ဘီး အားကစားနည်းကို ပြည်သူလူထု စိတ်ပါဝင်စား လာစေရန်နှင့် စက်ဘီး အားကစားနည်း ပိုမို တိုးတက် လာစေရန် ရန်ကုန်မြို့၌ လစဉ် လူထု စက်ဘီး စီးနင်း ပြိုင်ပွဲအား ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။

ယခုဇွန်လမှ စ၍ လစဉ် လတစ်လ၏ နောက်ဆုံးပတ် ၊ တနင်္ဂနွေနေ့တိုင်းတွင် ရန်ကုန်မြို့၌ စက်ဘီး အားကစားနည်းကို စိတ်ပါဝင်စားသော စက်ဘီး အားကစား ဝါသနာရှင်များ ၊ ကျောင်းသား/သူများ ၊ ဝန်ထမ်းများနှင့် ပြည်သူလူထုများ စုပေါင်း၍ တောင်ဥက္ကလာပ မြို့နယ် ၊ သုမင်္ဂလာလမ်း ၊ ပဒေသာ အားကစား ခန်းမရှေ့မှ စတင် တာလွှတ်၍ လူထု စုပေါင်း စက်ဘီး စီးနင်းပွဲအား ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ယခုအစီအစဉ်အား အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ စက်ဘီး အဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.