Sport
၂၀၂၀ အိုလံပစ်၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
၂၀၂၀ အိုလံပစ်၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ပထမအဆင့် အုပ်စု(ဂ) အုပ်စုပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။
မြန်မာအမျိုးသမီးအသင်းအနေနှင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါအသင်းတို့နဲ့ တစ်အုပ်စုထဲကျနေကြောင်း သိရသည်။မြန်မာအမျိုးသမီးအသင်း ၏ ပွဲစဉ်များ ကို နိုဝင်ဘာလ ၈၊ ၁၁၊ ၁၃ နေ့များတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ကွင်းဝင်ကြေး အခမဲ့ဖြင့် အားပေးနိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)